ရှေးဟောင်းပစ္စည်း စုဆောင်း ထိန်းသိမ်းခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းများအား ရှာဖွေစုဆောင်း ထိန်းသိမ်းလျက်ရှိရာ အများပြည်သူများမှ လာရောက်လှူဒါန်းသော ရှေးဟောင်းဝတ္ထုပစ္စည်းများအား နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဦးစီးဌာနလက်အောက်ရှိ ဌာနခွဲ၊ ဌာနစု အသီးသီးတို့တွင် လက်ခံလျက် ရှိပါသည်။

အဆိုပါ ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံခြင်းအတွက် ဌာနမှလည်း ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခြင်း၊ ဆုကြေးငွေချီးမြှင့်ခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။ ဆုကြေးငွေချီးမြှင့်ရာတွင် လာရောက်အပ်နှံသော ရှေးဟောင်းဝတ္ထုပစ္စည်း၏ မူလတန်ဖိုး၊ ခေတ် ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးနှင့် ထပ်ဆောင်းတန်ဖိုးတို့အား ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ-မရှိ စစ်ဆေးရေးအဖွဲ့က စစ်ဆေးအကဲဖြတ်ပြီး ဆုကြေးငွေများ ချီးမြှင့်ပေးအပ် လျက်ရှိရာ ရွှေထည်ပစ္စည်း(၂၇၉၆)မျိုး၊ ငွေထည်ပစ္စည်း (၆၇၈)မျိုး၊ ကြေးထည်ပစ္စည်း (၃၁၆)မျိုး၊ အခြား(ပေစာ၊ ပုရပိုက်စာ၊ ယွန်းထည်၊ မြေထည်၊ ပုတီးစေ့များ အစရှိသည့်) (၄၂၁၉)မျိုး စုစုပေါင်း(၇၇၈၉)မျိုးတို့အတွက် ဆုကြေးငွေစုစုပေါင်း ၃၉၂၀၉၃၇၇၅/-(ကျပ် သုံးထောင့်ကိုးရာ နှစ်ဆယ်သိန်း ကိုးသောင်းသုံးထောင်ခုနစ်ရာ ခုနစ်ဆယ့်ငါးတိတိ) ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။

မကေသဇင်ကျော် အပ်နှံသည့် ပျူခေတ်လက်ရာ နယားခေါင်းပုံပါ လက်ကြပ် (၁) ကွင်း
၂၃ ကာရက်ရွှေ ၊ ၂၇၂.၂၀ ဂရမ် (၁၆.၆ ကျပ်သား)
ဆုကြေးငွေ၂၇၇၁၈၃၉၂/- (ကျပ် နှစ်ရာခုနှစ်ဆယ့်ခုနစ်သိန်း တစ်သောင်းရှစ်ထောင် သုံးရာကိုးဆယ့်နှစ်)
ဦးတင်ထွန်းလာရောက်အပ်နှံသည့် နယားလက်ကြပ် (၃)
(၂၂) ကာရက်ရွှေ ၊ (၂၂၅.၅ ဂရမ်) ၁၃.၈၁ ကျပ်သား
ဆုကြေးငွေ၂၀၅၆၇၀၃၄/-
( ကျပ် နှစ်ရာ့ငါးသိန်းခြောက်သောင်း ခုနစ်ထောင် သုံးဆယ့်လေးတိတိ)
ဦးမြင့်နိုင်မှ အပ်နှံသော
၂၃ ကာရက်ရွှေလက်စွပ်(၁)ကွင်း
၂၃၈၂၉၃၇/- (ကျပ် နှစ်ဆယ့်သုံးသိန်း ရှစ်သောင်း နှစ်ထောင် ကိုးရာ သုံးဆယ့်ခုနစ် တိတိ)
ဦးခင်မောင်ဝင်း မှ လာရောက်အပ်နှံ သည့် ၁၈ ကာရက်ရွှေလည်ဆွဲ (၁)ကုံး
၄၈၄၃၉၉၇/-
(ကျပ် လေးဆယ့် ရှစ်သိန်း လေးသောင်း သုံးထောင် ကိုးရာ ကိုးဆယ့်ခုနစ် တိတိ)