၁။ ရန်ကုန်မြို့နှင့်မန္တလေးမြို့များရှိ အနုပညာအထက်တန်းကျောင်းများတွင် (ပထမနှစ်)ပန်တျာ သင်တန်းနှင့် ပန်းချီ၊ ပန်းပုသင်တန်းသို့ တက်ရောက်ရန်အတွက် လျှောက်လွှာများ ခေါ်ယူလျက် ရှိပါသည်။
၂။ အခြေခံပညာအလယ်တန်း (သတ္တမတန်း) အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ်များအပြင် အခြေခံပညာ (အဌမတန်း၊ နဝမတန်းနှင့် တက္ကသိုလ်ဝင် တန်း) စာပေပညာများကို ပူးတွဲသင်ကြားခွင့်ရရှိမည်ဖြစ်ပါသည်။
၃။ လျှောက်ထားလိုသူများသည် အနုပညာဦးစီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့ရုံးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် စုံစမ်းမေးမြန်း၍ ( .၄. ၂၀၂၀) ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရန်လိပ်စာများ
၁။ | အနုပညာဦးစီးဌာန၊စီမံရေးရာဌာနခွဲ ရုံးအမှတ်(၃၅)၊ နေပြည်တော် | ဖုန်း – ၀၆၇ – ၃၄၀၈၀၃၇ |
၂။ | အနုပညာဦးစီးဌာန၊လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ ရုံးအမှတ်(၃၅)၊ နေပြည်တော် | ဖုန်း – ၀၆၇ – ၃၄၀၈၄၄၃ |
၃။ | အနုပညာအထက်တန်းကျောင်း(ရန်ကုန်) အမှတ်(၁၃၁)၊ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်) ကမ္ဘာအေးစေတီလမ်း၊ ရန်ကုန်မြို့ | ဖုန်း – ၀၁ – ၅၅၅၆၄၂
ဖုန်း – ၀၁ – ၅၅၄၆၉၅ |
၄။ | အနုပညာအထက်တန်းကျောင်း(မန္တလေး) ၂၀ x ၂၂လမ်းကြား၊ ၆၆လမ်း၊ နန်းရှေ့၊ မန္တလေးမြို့ | ဖုန်း – ၀၂ – ၄၀၆၁၁၆၉ |