အာဆီယံအကြောင်း

အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း

အာဆီယံသမိုင်း

မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံ နှင့် ထိုင်းနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများသည် ၁၉၆၇ ခုနှစ် သြဂုတ်လ(၈)ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးပြီး အာဆီယံကြေညာစာတမ်း (ASEAN Declaration – Bangkok Declaration)ကို လက်မှတ်ရေးထိုးကာ အရှေ့တောင်အာရှနိုင်ငံများအသင်း( Association of South East Asia Nations – ASEAN) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ၁၉၈၄ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့တွင် ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံသည်လည်းကောင်း၊ ၁၉၉၅ခုနှစ် ဇူလိုင်လတွင် ဗီယက်နမ်နိုင်ငံသည်လည်းကောင်း၊ ၁၉၉၇ ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့တွင် မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ တို့သည်လည်းကောင်း၊ ၁၉၉၉ ခုနှစ် ဧပြီလ(၃၀)ရက်နေ့တွင် ကမ္ဘောဒီးယား နိုင်ငံသည်လည်းကောင်း အဖွဲ့ဝင်များအဖြစ်ပါဝင် လာကြပါသည်။

www.asean.org

အာဆီယံခေါင်းဆောင်များသည် ၂၀၂၀ခုနှစ် နောက်ဆုံးထား၍ အာဆီယံအသိုက်အဝန်း တစ်ရပ်ကိုစတင် ဖော်ဆောင်ရန် ၂၀၀၃ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် (ဘာလီကွန်ကောဒ် ၂) ကြေညာစာတမ်းကို သဘောတူ ချမှတ်ခဲ့ကြပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ အာဆီယံအဖွဲ့ စည်းမျဉ်း စည်းကမ်း အဖြစ် အာဆီယံပဋိညာဉ် စာတမ်း ( The ASEAN Charter) ကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့ တွင် စင်္ကာပူနိုင်ငံ၌ လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့ပါသည်။

အာဆီယံပဋိညာဉ် စာတမ်း

အာဆီယံပဋိညာဉ် စာတမ်းအရ အာဆီယံကို အောက်ဖော်ပြပါ အသိုက်အဝန်း(၃)ခုဖြင့် တည်ဆောက်သွားရန်ဖြစ်ပါသည်-

(၁) အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာအသိုက်အဝန်း

(ASEAN Political – Security Community – APEC)

(၂) အာဆီယံ စီးပွားရေးဆိုင်ရာအသိုက်အဝန်း

(ASEAN Economic Community – AEC)

(၃) အာဆီယံ လူမှုရေး ယဉ်ကျေးမှုအသိုက်အဝန်း

(ASEAN Socio Cultural Community – ASCC)

အာဆီယံအသိုက်အဝန်းတွင် မဏ္ဍိုင်ကြီးသုံးရပ်မှာ တစ်ခုနှင့်တစ်ခု နီးကပ်စွာ ဆက်စပ် လျက်ရှိကြပြီး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အဓွန့်ရှည် စေရန်နှင့် ဒေသတွင်း ကြွယ်ဝမှုမျှဝေနိုင်စေရန် ရည်ရွယ်လျက် အချင်းချင်း အထောက်အကူ ပြုနေကြပါသည်။

အဆိုပါအာဆီယံအသိုက်အဝန်းများကို ၂၀၁၅ ခုနှစ်အမီ တည်ဆောက်နိုင်ရန်အတွက် အခြေပြ မြေပုံ (Blueprint) များရေးဆွဲဆောင်ရွက်ခဲ့ကြပါသည်။

အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းအခြေပြမြေပုံ (ASCC-Blueprint)

မြန်မာနိုင်ငံတွင် APECကို နိုင်ငံခြားရေးဝန်ကြီးဌာနက လည်းကောင်း၊ AECကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကလည်းကောင်း၊ ASCCကို ယဉ်ကျေးမှု ဝန်ကြီးဌာနကလည်းကောင်း တာဝန်ခံဝန်ကြီးဌာန (Focal Ministry)အဖြစ်ဆောင်ရွက်လျက်ရှိ ပါသည်။

ASCC အောက်တွင် အောက်ဖော်ပြပါဝန်ကြီးဌာနများ ပါဝင် ကြပါသည်-

(၁) ယဉ်ကျေးမှုဝန်ကြီးဌာန

(၂) ပြည်ထဲရေးဝန်ကြီးဌာန

(၃) သမဝါယမဝန်ကြီးဌာန

(၄) ပြန်ကြားရေးဝန်ကြီးဌာန

(၅) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

(၆) မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု ဝန်ကြီးဌာန

(၇) ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန

(၈) ပို့ဆောင်ရေးဝန်ကြီးဌာန

(၉) အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန

(၁၀) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန

(၁၁) ကျန်းမာရေးဝန်ကြီးဌာန

(၁၂) ပညာရေးဝန်ကြီးဌာန

(၁၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန

(၁၄) စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ဝန်ကြီးဌာန

(၁၅) ပြည်ထောင်စုရာထူးဝန်အဖွဲ့