သမိုင်းအကျဉ်း
ဗိုလ်ချုပ်အောင်ဆန်းမကွယ်လွန်မီ နေထိုင်ခဲ့သောအိမ်ဖြစ်ပါသည်။ ဗိုလ်ချုပ်ကွယ်လွန် ပြီးနောက်ကွယ်လွန်သူအမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအား ချီးကျူးဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ နောင်လာနောက်သားတို့ အမှတ်တရ ရှိစေရန်အတွက်လည်းကောင်း၊ ရည်စူး၍ ယဉ်ကျေးမှုဝန်ကြီးဌာနက ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အဖြစ်သတ်မှတ်၍ အမျိုးသားပြတိုက်၏ အုပ်ချုပ်မှု လက်အောက်တွင်ထားရှိကာ ဖွင့်လှစ်ခဲ့ပါသည်။ ၁၉-၇-၁၉၆၂ ရက်နေ့မှအစပြုကာ အာဇာနည်နေ့အထူးပြပွဲကို ကျင်းပခဲ့ပါသည်။
တည်နေရာ
အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ပြသထားသောပစ္စည်းများ
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှာ နှစ်ထပ်အဆောက်အအုံဖြစ်ပါသည်။ အောက်ထပ်တွင် ထမင်းစားခန်း၊ ဧည့်ခန်း၊ မီးဖိုဆောင်နှင့် ကားရုံပါရှိပြီး အပေါ်ထပ်တွင် ကလေးများအိပ်ခန်း၊ အစည်းအဝေးခန်း၊ စာဖတ်ခန်း၊ အိပ်ခန်းနှင့် ဘုရားဆောင်တို့ပါရှိပါသည်။ ဗိုလ်ချုပ်စီးနင်း ခဲ့သော အော်စတင်ကား၊ အသုံးပြုခဲ့သော ပရိဘောဂပစ္စည်းများ၊ အဝတ်အစားများ၊ စာအုပ်စာတမ်းများ၊ ဓာတ်ပုံများကို ဗိုလ်ချုပ်ရှိစဉ်ကအတိုင်း ခြေရာလက်ရာမပျက်ပြသ ထားပါသည်။
ပြတိုက်ဖွင့်လှစ်ချိန်
ပြတိုက်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ်နံနက်(၁၀)နာရီမှ ညနေ (၃:၃၀)နာရီထိ အများပြည်သူတို့အား ဖွင့်လှစ်ပြသလျက်ရှိပါသည်။
ပြတိုက်ဝင်ကြေး
လူကြီး – ၃၀၀ ကျပ်
နိုင်ငံခြားသား – ၃၀၀ ကျပ်
၎
င
၎
၎