မင်းခမ်းတော်ပစ္စည်းများပြခန်း(Royal regalia)
သီဟာသနပလ္လင်ရှေ့တွင် ရွှေအစစ်ဖြင့်ပြုလုပ်ထားပြီး ကျောက်မျက်ရတနာ များစီခြယ် ထားသော မင်းခမ်းတော်ပစ္စည်းများကို ဝဲ-ယာအစီအစဉ်တကျ ခင်းကျင်း ထားလေ့ရှိသည်။ အဆိုပါမင်းခမ်းတော်ပစ္စည်းများမှာ ဘုရင်နှင့်မိဖုရားတစ်နှစ်လျှင် သုံးကြိမ်အကန် တော့ခံသည့်အခမ်းအနား ကြီးများ၌ ခင်းကျင်းရန် အသုံးပြုခြင်း ဖြစ်သည်။
နယားကွမ်းအစ်
Betel Box on Naya Stand
ဟင်္သာရုပ်ကွမ်းအုပ်
Hintha (Hamsa) Betel Container
မြန်မာသမိုင်းတင်ခေတ်ပြခန်း(Myanmar Historic Period)
ပုဂံခေတ်အန္တကူအုတ်ခွက်ဘုရားများ၊ မြေမီးဖုတ်အုတ်ခွက်ဘုရား များ၊အင်္ဂတေပန်းတန်း များ၊ နံရံပန်းချီပုံဆွဲမိတ္တူများ၊ ထင်ရှားသောပုဂံဘုရားအချို့၏ ဓာတ်ပုံများနှင့် ပန်းချီပုံဆွဲများ၊ ၁၀ ရာစုမှ ၁၃ ရာစုကြား ရေးထိုးခဲ့သော ကျောက်စာမင်ကူးများနှင့် ပင်းယခေတ်မှ ကုန်းဘောင်ခေတ်ထိ အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ကို လေ့လာကြည့်ရှုနိုင်သည်။
ပုဂံကျောက်ဂူဥမင်မှ ဘုရားလောင်းဖွားတော်မူခန်းကျောက်ချပ်ရုပ်ကြွ
Stone Slab of Nativity of Buddha, Fromkyauk – Gu- UMin, Bagan (11thCentury A.D)
ပုဂံခေတ်ကြေးကြာဖူး
Bronze Lotus Bud (11th – 13th Century A.D)
သမိုင်းတင်ခေတ်ဦးပြခန်း
(Myanmar Prehistoric period and proto historic)
ပြဒါးလင်းဂူမှ စုဆောင်းရရှိသော နှစ်ပေါင်းတစ်သောင်းကျော်သက်တမ်းရှိပစ္စည်းများ၊ နှစ်နှစ် ထောင်ကျော်သက်တမ်းရှိ ကြေးခေတ်သုံးပစ္စည်းများနှင့် ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစုထိ ထွန်းကားခဲ့ သော ပျူခေတ်သုံးပစ္စည်းများကို တွေ့မြင်ကြည့်ရှုနိုင်ပါသည်။
ငွေကြာပန်း(ဘီစီ ၂ မှ အေဒီ ၁)ရာစု
Silver Lotus Flower, (2nd B.C –1st A.D Century)
ဗေဓိပင်ပုံ ဓါတ်တော်ကြုတ် (ဘီစီ ၂ မှ အေဒီ ၁)ရာစု
Silver Casket for Relics In the form a Bodhi Tree (2ndB.C –1st A.D Century)
သဘာ၀သမိုင်းပြခန်း (Natural History)
နှစ်သန်း ၄၀ သက်တမ်းရှိ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများ၊ မြန်မာနိုင်ငံဒေသ အရပ် ရပ်မှကုန်းနေ၊ ရေနေသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ သစ်ခေါက်နှင့် သစ်စေ့ ကျောက် ဖြစ် ရုပ်ကြွင်းများကို ခင်းကျင်းပြသထားပါသည်။
ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း(အီအိုဆင်းအထက်ပိုင်းသက်တမ်းနှစ်သန်း ၄၀ ခန့်)
Primate Fossil of Upper Eocene Epoch
(Amphipithecus Bahinensis, Aproximate 40 Millon Years)
ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိရသည့် ပုံတောင်ရွှံ့ကျောက်လွှာများ၏ မြင်ကွင်းကျယ်ရှုခင်း
Panoramic view of the Pondaung clays bearing Primate fossils
၎
င
၎
၎
၎
င
၎
၎