တတိယထပ် (Third Floor)

မြန်မာပန်းချီခန်းမဆောင် (Myanmar Art Gallery)

မြန်မာပန်းချီအစဟု ခေါ်ဆိုနိုင်သောပြဒါးလင်းဂူပန်းချီပုံတူ၊ ခေတ်အဆက်ဆက်နံရံ ဆေးရေး ပန်းချီမိတ္တူများ၊ ဆရာကြီးဦးဘဉာဏ်၊ ဦးငွေကိုင်၊ ဦးစံဝင်း၊ ဆရာဆောင်တို့ကဲ့သို့ ရှေးပန်းချီကျော် ကြီးများ၏ ပန်းချီလက်ရာများ၊ ခေတ်ပြိုင်ပန်းချီဆရာကြီးများ၏ လက်ရာများ သာမက ၁၉၂၆ ခုနှစ် ကသတ္တုပြားပေါ်တွင် ဆီဆေးဖြင့် ရေးဆွဲခဲ့သည့် ဇာတ်ကြီးဆယ်ဘွဲ့သရုပ် ဖော်ပန်းချီကားများကိုပါ ခင်းကျင်းပြသထားပါသည်။

ရေတံခွန်၊ ဆီဆေး( ဦးဘဉာဏ်၊ ၁၈၉၇-၁၉၄၅)

Water Fall, Oil painting(U Ba Nyan, 1897-1945)

မင်းမြှောက်ခန်း ( ဦးစောမောင်၊ မန္တလေး)

Coronation Ceremony (U Saw Maung, Mandalay)

မြန်မာ့ရှေးဟောင်းအဆင်တန်ဆာပြခန်း

(Myanmar Ancient Ornaments)

ပျူခေတ်မှသည် ရတနာပုံခေတ်ထိ ဝတ်ဆင်ခဲ့ကြသော ရှေးဟောင်းမြန်မာ့လက်ဝတ် ရတနာအဆင်တန်ဆာများကို ခင်းကျင်းပြသထားပါသည်။

ရွှေနော်ဇာကုံး၊ကုန်းဘောင်ခေတ် (အေဒီ ၁၈ ရာစု)
Gold Necklace (18th Century A.D)

ပျူခေတ်ဣန္ဒနီလာရွှေဆွဲသီး
A Locket of Alexandrite, Pyu Period (2nd B.C –9th A.D )

<<  Previous  >>     <<  Next  >>