ထုတ်ဝေခဲ့သည့်စာအုပ်များ

 

စာအုပ်အမည် အကြောင်းအရာအကျဉ်းချုပ်
စန်းဝင်းဦး (ရှေးဟောင်း သုတေသန)။ မြန်မာ့ကြေးခေတ် ယဉ်ကျေးမှု သုတေသနခရီး။ ပထမအကြိမ်၊ ၂ဝဝ၉ခု၊ ဒီဇင်ဘာလ၊ စာ ၃၁၆။ တန်ဖိုး- ၅၀၀ဝိ/-

စာအုပ်တွင် လူသားမျိုးနွယ်အစ မြန်မာက၊ ကျောက်ခေတ်သစ် ယဉ်ကျေးမှု၊ ကြေးခေတ် ယဉ်ကျေးမှု၊ တူးဖော်သုတေသနပြုခဲ့သော ကြေးခေတ် ဒေသများ၊ ကြေးခေတ် ဒေသများ၏ ပထဝီဝင်နှင့် သဘာဝပတ်ဝန်းကျင်၊ ကြေးခေတ် ယဉ်ကျေးမှု သုတေ သန၊ ကြေးခေတ်မှ သံခေတ်သို့ စသည့်အကြောင်း အရာများ ရေးသားထားကြောင်း၊ “မြန်မာ့ ကြေးခေတ် ယဉ်ကျေးမှု သုတေသနခရီး”စာအုပ်သည် မြန်မာ့ ယဉ်ကျေးမှု သမိုင်းစဉ်တွင် လစ်ဟာ ကွင်းဆက် ပြတ်နေသော ကြေးခေတ် ယဉ်ကျေးမှု သုတေသနပြု ဖော်ထုတ် ချက်များကို ကြေးခေတ်၏ ရှေ့နောက် ထွန်းကားခဲ့သော ယဉ်ကျေးမှုများနှင့် စုစည်း ပေါင်းစပ်၍ စိတ်ဝင်စားဖွယ် တင်ပြထားသော စာအုပ် တစ်အုပ် ဖြစ်ပါသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် မင်းခမ်းတော်ဝင်ပစ္စည်းများ။ ပထမအကြိမ်၊ ၂ဝ၁၁ခု၊ မတ်လ၊ စာ ၁၇၂။ တန်ဖိုး-၄၀၀ဝိ/-

ဤစာအုပ်တွင် မင်းခမ်းတော်ပလ္လင် များ၊ မင်းခမ်းမင်းနား မင်းခမ်းတော် ပစ္စည်းများ၊ ကုန်းဘောင်ခေတ် နန်းတွင်း အသုံးအဆောင် ပစ္စည်းများ အကြောင်း ရေးသားထားကြောင်း၊  မှတ်တမ်းတင် ဖော်ပြထားသော သီဟာ သနပလ္လင် အပါအဝင် မင်းခမ်းတော်ဝင် ပစ္စည်းများသည် တစ်ချိန်က ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် လွတ်လပ် စွာ ဝင့်ထည်စွာ နေထိုင်ခဲ့ကြသော မြန်မာလူမျိုးတို့၏ ဇာတိပုည ဂုဏ်မာနကို မြင်တွေ့ ခံစားစေနိုင်မည် ဖြစ်ပါသည်။