တူးဖော်မှုနှင့်ထိန်းသိမ်းဆောင်ရွက်မှုများ

ကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေသုတေသနပြုခြင်းလုပ်ငန်း၊

လူသားမျိုးနွယ်အစ ပုံတောင်ပရိုင်းမိတ်များသည် လွန်ခဲ့သော နှစ်သန်း(၄ဝ) ကပင် မြန်မာ့မြေပေါ်တွင် အခြေချနေထိုင် ပျံ့နှံ့လျက်ရှိပါသည်။ ပုံတောင်ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း များကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် တွေ့ရှိရပြီး ကမ္ဘာပေါ်တွင် အစောဆုံး သက်တမ်းရှိသည့် အဆင့်မြင့်ပရိုင်းမိတ်များဖြစ်ကြောင်း သုတေသီများ ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြပြီး ဖြစ်ပါသည်။ ယခုအခါ ပုံတောင်ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်း များသာမက နှစ်သန်း( ၈- ၁၂)သန်း သက်တမ်းရှိ ဧရာဝတီ ကျောက်လွှာစုမှလည်း လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိပြီးဖြစ်ပါသည်။ ပုံတောင် ပရိုင်းမိတ် များမှသည် ဧရာဝတီ လူတူပရိုင်းမိတ်များအထိ အခြေချနေထိုင် ပျံ့နှံ့ သွားလာပုံကို ကျယ်ကျယ် ပြန့်ပြန့် သုတေသနပြုဖော်ထုတ် လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန၊ ဘူမိဗေဒဌာန နှင့်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော ဂျပန်နိုင်ငံ Kyoto University Primate Research Institute နှင့်လည်းကောင်း၊ ပြင်သစ်နိုင်ငံ University of Poitiers National Centre for Scientific Research နှင့်လည်းကောင်း ပူးပေါင်း ဆောင်ရွက် လျက်ရှိပါသည်။

ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေသုတေသန ပြုခြင်းလုပ်ငန်းဒေသ

ကျောက်ခေတ်ယဉ်ကျေးမှု သုတေသနပြု ဖော်ထုတ်ရေးလုပ်ငန်း

ကျောက်ခေတ်သုတေသနလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ကျောက်ကြမ်းခေတ်(ကျောက်ခေတ်ဦး)၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်း (ကျောက်ခေတ် သစ်)ဟူ၍ ကျောက်ခေတ်ကို ခေတ်(၃)ခေတ်ပိုင်းခြား၍ သုတေသနပြု ဖော်ထုတ်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ကျောက်ခေတ်ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများ ရရှိရန်အတွက် ကျောက်ခေတ် သုတေသန လုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။

ကျောက်ခေတ်ယဉ်ကျေးမှု သုတေသနပြု ဖော်ထုတ်ရေးလုပ်ငန်းဒေသ

ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု သုတေသနပြု ဖော်ထုတ်ခြင်းလုပ်ငန်း၊
မြန်မာ့သမိုင်းစဉ်တွင် ကွင်းဆက်ပြတ်နေသော ခေတ်ကာလနှစ်ရပ်မှာ ကြေးခေတ် နှင့် သံခေတ် ကာလများဖြစ်ပါသည်။ အဆိုပါ ပြတ်နေသော ကွင်းဆက်ကို ဖော်ထုတ် နိုင်ရန် ရည်ရွယ်၍ ၁၉၉၆- ၁၉၉၇မှ စ၍ ကြေးခေတ်၊ သံခေတ် သုတေသန လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ၊ ပီပြင်သောခေတ်ကာလကို ဖော်ထုတ်နိုင်ခဲ့ပြီး မြန်မာ့သမိုင်း ဖြစ်စဉ်ကို များစွာအထောက်အကူ ပြုခဲ့ပါသည်။မြန်မာနိုင်ငံရှိ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှု ဆိုင်ရာ အထောက်အထားများ ရရှိရန်အတွက် ၁၉၉၆- ၁၉၉၇ ဘုတလင် မြို့နယ်၊ ညောင်ကန်ဒေသ တူးဖော်သုတေသနလုပ်ငန်းမှ အစပြု၍ မုံထူး၊ မြင်းဦးလှည့်၊ မြောက်လည်၊ ကုက္ကိုခါးလှ၊ ညောင်ကုန်း၊ မြို့လှ စသောဒေသများတွင် ဆောင်ရွက်ခဲ့ ပါသည်။

ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု သုတေသနပြု ဖော်ထုတ်ခြင်းလုပ်ငန်းဒေသ

<<  Next  >>