ပျူမြို့ဟောင်းများသုတေသနပြုတူးဖော်ရေးလုပ်ငန်း

ပျူမြို့ဟောင်းများသုတေသနပြုတူးဖော်ရေးလုပ်ငန်း၊

မြန်မာ့သမိုင်းတင်ခေတ်ဦး မြို့ပြနိုင်ငံများဖြစ်သည့် ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာ မြို့များကိုသာ ယခင်ကတူးဖော်သုတေသနပြုခဲ့ရာ ယခုအခါဝတီးမြို့ဟောင်း၊ ပင်လယ်မြို့ဟောင်း၊ တကောင်းမြို့ဟောင်း၊ သာဂရမြို့ဟောင်းစသည်ဖြင့် မြန်မာနိုင်ငံ၏ ဒေသအနှံ့အပြားတွင် အခြေချ နေထိုင်ခဲ့သော ပျူမြို့ပြနိုင်ငံများအား တူးဖော်သုတေသန ပြုခြင်း၊ ပျူတို့၏အမှတ်လက္ခဏာ အင်္ဂါရပ်များကို ပိုမိုပြည့်စုံအောင် ရှာဖွေသုတေသန ပြုခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ သမိုင်းတင် ခေတ်ဦး ယဉ်ကျေးမှုဖြစ်စဉ်၏ မြို့ပြ ယဉ်ကျေးမှုဖြစ်စဉ်နှင့် အထောက်အထားများရရှိရန် ပျူမြို့ဟောင်းများကို တူးဖော် သုတေသနပြုခဲ့ပါသည်။

ပျူမြို့ဟောင်းများ သုတေသနပြုတူးဖော်ရေးလုပ်ငန်းဒေသ

သမိုင်းတင်ခေတ်ရှေးဟောင်းမြို့တော်များတူးဖော်သုတေသုပြုခြင်းလုပ်ငန်း၊

အခြားတူးဖော်သုတေသနလုပ်ငန်းများအနေဖြင့် ဂဝံယဉ်ကျေးမှုကို ဖော်ထုတ်ရန် ကျောက်တန်းမြို့ဟောင်း တူးဖော်မှုလုပ်ငန်း၊ စဉ့်အနုပညာလက်ရာ သုတေသန လုပ်ငန်း၊ ကျိုက္ကသာမြို့ဟောင်း၊ တွံတေးမြို့ဟောင်းတူးဖော်မှုလုပ်ငန်း၊ ပုဂံမြို့ဟောင်း အတွင်း ကျန်စစ်သား မင်းကြီး၏ နန်းတော်ရာ၊ အနော်ရထာမင်းကြီး၏ နန်းတော်ရာ၊ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီနန်းတော်ရာဟောင်းများကို တူးဖော် သုတေသနပြုခဲ့ပါသည်။ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာအထောက်အထားများ ရရှိရေးအတွက် မြို့ဟောင်းများ၊ စဉ့်ဖိုများ၊ နန်းတော်ရာ များအစရှိသည့် တူးဖော်သုတေသန လုပ်ငန်းများကို ၁၉၈၉ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အထိ ဆောင်ရွက် ခဲ့ပါသည်။

သမိုင်းတင်ခေတ် ရှေးဟောင်းမြို့တော်များ တူးဖော်သုတေသုပြုခြင်းလုပ်ငန်းဒေသ

 

ရှေးမြို့ဟောင်းများအားကွင်းဆင်းသုတေသနပြု​ဖော်ထုတ်ခြင်းလုပ်ငန်း၊

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် တစ်ဆက်တစ်စပ်တည်း ဖြစ်တည်ခဲ့သော မြန်မာ့သမိုင်းကို ရေးသားရာတွင် ခိုင်မာစေရန် အတွက် သုတေသန လုပ်ငန်း များကို စီမံချက်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ သုတေသန လုပ်ငန်းများတွင် တူးဖော်ရေး လုပ်ငန်းများ မဆောင်ရွက်မီ ကွင်းဆင်းလေ့လာ သုတေ သနပြုခြင်း၊ စမ်းသပ်တူးဖော်ခြင်း လုပ်ငန်းများနှင့် အထောက်အထား အချက်အလက်များ ရှာဖွေစုဆောင်း ခြင်းလုပ်ငန်းများသည် မဖြစ်မနေ ဆောင်ရွက် ရမည့် လုပ်ငန်းတစ်ရပ်ပင် ဖြစ်ပါသည်။

ရှေးမြို့ဟောင်းများအား ကွင်းဆင်းသုတေသနပြု ဖော်ထုတ်ခြင်းလုပ်ငန်းဒေသ

ရှေးဟောင်းဝတ္ထုပစ္စည်းများစုဆောင်းသုတေသနပြုထိန်းသိမ်းရေးလုပ်ငန်း၊

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် ခေတ်အလိုက် ယဉ်ကျေးမှု လက္ခဏာနှင့် အဆင့်အတန်းကို ဖော်ထုတ်နိုင်သည့် မြန်မာနိုင်ငံအနှံ့အပြားမှ တွေ့ရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဤဦးစီးဌာန စတင်တည်ထောင်စဉ်ကပင် စုဆောင်းထိန်းသိမ်း ခဲ့ပါသည်။ ကွင်းဆင်းတူးဖော် သုတေသနလုပ်ငန်းဖြင့်လည်းကောင်း၊ ဝယ်ယူစုဆောင်းခြင်းဖြင့် လည်းကောင်း၊ ပြည်သူလူထုမှ အပ်နှံ၍ ဆုငွေချီးမြှင့်ခြင်း ဖြင့်လည်းကောင်း၊ လှူဒါန်းမှုဖြင့် လည်းကောင်း စုဆောင်း ထိန်းသိမ်းခဲ့ပါသည်။

ရှေးဟောင်းဝတ္ထုပစ္စည်းများ စုဆောင်းသုတေသနပြု ထိန်းသိမ်းရေးလုပ်ငန်း

ရှေးဟောင်းမြန်မာ၊ ပျူ၊ မွန်၊ ပါဠိအစရှိ​သော ကမ္ပည်းကျောက်စာများ၊ မင်စာများ၊ ပေစာများ၊ ပုရပိုဒ်စာများ၊ ခေါင်းလောင်းစာများ စုဆောင်းသုတေသနပြု ထိန်းသိမ်းရေး လုပ်ငန်း၊

ကမ္ပည်းကျောက်စာဌာနစုသည် ကျောက်စာများ၊ ကျောက်စာရုံများ ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ မြန်မာနိုင်ငံအနှံ့အပြားရှိကျောက်စာချပ်များမှ ကျောက်စာမင်ကူးယူခြင်း၊ ခေါင်းလောင်းစာများကူးယူခြင်း၊ တူးဖော်တွေ့ရှိရသော ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများတွင် ပါရှိသော ရှေးဟောင်းကမ္ပည်းစာပေများကို ကူးယူခြင်း၊ ဖတ်ရှု အက္ခရာဖလှယ်ခြင်း၊ မှတ်တမ်း တင်ထိန်းသိမ်းခြင်း၊ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေ ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး၊ ၁၉၈၈ ခုနှစ်မှ ယခုအထိ ကမ္ပည်းကျောက်စာပေါင်း (၅၇၃)ချပ်ကို သုတေသနပြု၍ ကျောက်စာမင်ကူးများပါ ထိန်းသိမ်းထားရှိပါသည်။

  • ကျောက်စာ၊ အုတ်ခဲစာ၊ အုတ်ခွက်စာများသုတေသနပြုလုပ်ခြင်းလုပ်ငန်း
  • မင်စာ၊ စဉ့်ကွင်းစာများသုတေသနပြုလုပ်ခြင်းလုပ်ငန်း
  • ခေါင်းလောင်းစာများ သုတေသနပြုလုပ်ခြင်းလုပ်ငန်း
  • ပေ၊ ပုရပိုက်များ သုတေသနပြုလုပ်ခြင်းလုပ်ငန်း

ရှေးဟောင်းမြန်မာ၊ ပျူ၊ မွန်၊ ပါဠိအစရှိသော ကမ္ပည်းကျောက်စာများ၊ မင်စာများ၊ ပေစာများ၊ ပုရပိုဒ်စာများ၊ ခေါင်းလောင်းစာများ စုဆောင်းသုတေသနပြု ထိန်းသိမ်းရေး လုပ်ငန်း

<<  Previous  >>