မြစ်ကြီးနားဌာနခွဲ
နောက်ခံသမိုင်းအကျဉ်း
မြစ်ကြီးနားယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သည် တော်လှန်ရေးကောင်စီအစိုးရ လက်ထက် ကချင်ပြည်နယ် ဦးစီးအဖွဲ့၏လက်အောက် သမိုင်းနှင့် ယဉ်ကျေးမှုဖော်ထုတ်ရေး ကော်မရှင်အဖွဲ့အနေဖြင့် ၁၉၆၂ ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်မစ၍ ကချင်ဓလေ့ ဖြတ်ထုံးနှင့် ယဉ်ကျေးမှုဖော်ထုတ်ရေးကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် ယဉ်ကျေးမှု ဗိမာန်ဦးစီးဌာနလက်အောက်သို့ ဌာနခွဲတစ်ခုအဖြစ်ပြောင်းလဲ ဖွဲ့စည်း ခဲ့ပြီး ကချင်ပြည်နယ် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနဟု ပေါ်ပေါက်လာခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် စတင် ဖွဲ့စည်းစဉ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝင်း အတွင်းရှိ အဆောက်အဦ တွင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့မှစ၍ အမှတ်(၃)ရုံးကြီးလမ်းနှင့် သခင်နက်ဖေ လမ်းထောင့် သီတာရပ်ကွက်၊ မြစ်ကြီးနားမြို့ ယခုလက်ရှိ အဆောက်အဦသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
တည်နေရာနှင့်အကျယ်အဝန်း
မြစ်ကြီးနားမြို့၊ သီတာရပ်ကွက် အောင်ဆန်းလမ်းနှင့် သခင်နက်ဖေလမ်းကြားရုံးကြီးလမ်းတွင် တည်ရှိပါသည်။
ပြတိုက်ဖွင့်ချိန်နှင့်ပိတ်ချိန်
မြစ်ကြီးနားယဉ်ကျေးမှုပြတိုက်ကို တနင်္ဂနွေ၊ တနင်္လာနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ လွဲ၍ နေ့စဉ် နံနက် (၀၉:၀၀)နာရီမှ ညနေ (၀၄:၃၀)နာရီအချိန်ထိ ဖွင့်လှစ်ပြသ လျက်ရှိပါသည်။
ပြတိုက်ဝင်ကြေး
ပြတိုက်ဝင်ကြေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) လူကြီး – ၅၀၀ ကျပ်
(ခ) ကလေး – ၂၅၀ ကျပ်
(ဂ) နိုင်ငံခြားသား – ၅၀၀၀ ကျပ်
လွိုင်ကော်ဌာနခွဲ
နောက်ခံသမိုင်းအကျဉ်း
၁၉၆၇ ခုနှစ်မှစ၍ ကယားပြည်နယ်ဦးစီးအဖွဲ့ လက်အောက်ရှိ ဌာနခွဲတစ်ခုအဖြစ် စတင်ဖွဲ့စည်း ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေးအဖွဲ့ပေါ်ပေါက်လာသောအခါ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဦးစီးဌာသို့ လွှဲပြောင်းဆောင်ရွက် ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်မှစ၍ ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ဟုအမည်ပြောင်းလဲကာ စာကြည့်တိုက် လုပ်ငန်း၊ ပြတိုက်လုပ်ငန်း၊ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
တည်နေရာ၊ အကျယ်အဝန်း
လွိုင်ကော်ဌာနခွဲသည် နောင်ယားရပ်ကွက်၊ (၁၀)လမ်းနှင့် ခွန်လီလမ်းထောင့်တွင် တည်ရှိပြီး ဧရိယာ (၄.၆၂၈)ဧက ရှိပါသည်။
ပြတိုက်ဖွင့်ချိန်နှင့်ပိတ်ချိန်
လွိုင်ကော်ယဉ်ကျေးမှုပြတိုက်ကို တနင်္ဂနွေ၊ တနင်္လာနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ လွဲ၍ နေ့စဉ် နံနက် (၀၉:၀၀)နာရီမှ ညနေ (၀၄:၃၀)နာရီအချိန်ထိ ဖွင့်လှစ်ပြသ လျက်ရှိပါသည်။
ပြတိုက်ဝင်ကြေး
ပြတိုက်ဝင်ကြေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) လူကြီး – ၂၀၀ ကျပ်
(ခ) ကလေး – ၁၀၀ ကျပ်
(ဂ) နိုင်ငံခြားသား – ၂၀၀၀ ကျပ်
ဘားအံဌာနခွဲ
သမိုင်းအကျဉ်း
၁၉၉၅ ခုနှစ်တွင် ကော်သူးလေပြည်နယ်ဦးစီးအဖွဲ့က ကရင်ပြည်နယ် ယဉ်ကျေးမှုဌာနကို ဖွင့်လှစ် ခဲ့ပါသည်။ ၁၉၇၁ ခုနှစ်တွင် စနစ်သစ်အုပ်ချုပ်ရေးအစီအစဉ်အရ ယဉ်ကျေးမှု ဗိမာန်ဦးစီးဌာန၏ အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းရောက်ရှိခဲ့ပြီး ကရင်ပြည်နယ် စာကြည့်တိုက်နှင့် ပြတိုက်ဟု ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါသည်။ အလျား ၁၁၀ ပေ၊ အနံ ၈၀ ပေရှိ တစ်ထပ်တိုက်ခွဲအဆောက်အအုံ သစ်ကို ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
တည်နေရာ
ဇွဲကပင်လမ်းထောင့်နှင့် ခရေလမ်းထောင့်၊ ဘားအံမြို့ ကရင်ပြည်နယ်တွင်တည်ရှိပါသည်။
ပြတိုက်ဖွင့်ချိန်နှင့်ပိတ်ချိန်
ဘားအံယဉ်ကျေးမှုပြတိုက်ကို တနင်္ဂနွေ၊ တနင်္လာနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ လွဲ၍ နေ့စဉ် နံနက် (၀၉:၀၀)နာရီမှ ညနေ (၀၄:၃၀)နာရီအချိန်ထိ ဖွင့်လှစ်ပြသ လျက်ရှိပါသည်။
ပြတိုက်ဝင်ကြေး
ပြတိုက်ဝင်ကြေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) လူကြီး – ၂၀၀ ကျပ်
(ခ) ကလေး – ၁၀၀ ကျပ်
(ဂ) နိုင်ငံခြားသား – ၂၀၀၀ ကျပ်
၎
င
၎
၎