
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးကိုကို လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်(Puppet Festival of Lancang-Mekong) ဖွင့်ပွဲအခမ်းအနားတက်ရောက်
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတစ်ခုဖြစ်သည့် လန်ချန်း-မဲခေါင် ရုပ်သေးပွဲ တော်(Puppet Festival of Lancang-Mekong) ဖွင့်ပွဲအခမ်းအနားကို ၃၀-၃-၂၀၂၂ ရက်နေ့ နံနက်ပိုင်းကမန္တလေးမြို့၊မြနန်းဘုံစံရတနာပုံခန်းမတွင် Vritual စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါ သည်။ အခမ်းအနားတွင် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ […]