
၂၀၁၈-၂၀၁၉ပညာသင်နှစ်၊အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း Level-III Section 1-2 သင်တန်းဆင်းအောင်လက်မှတ်အပ်နှင်းပွဲနှင့်စွမ်းရည်ပြပွဲအခမ်းအနား
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း Level-III Section 1-2 သင်တန်းဆင်းအောင်လက်မှတ်အပ်နှင်းပွဲနှင့် စွမ်းရည်ပြပွဲအခမ်းအနားကို ၃၀-၁၁-၂၀၁၉ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် NUAC(Ygn)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ရှေးဦးစွာ ပါမောက္ခချုပ်က သင်တန်းဆင်းလက်ရာမွန်ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်က သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ […]