
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ယွန်းပညာကောလိပ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ အခမ်းအနားပြင်ဆင်မှု ကြည့်ရှုစစ်ဆေးခြင်းနှင့်ရွှေစည်းခုံ စေတီတော် အလင်းမီးပူဇော်ခြင်း၊ ချူအင်လိုင်းတန်ဆောင်းတွင် LED Screen လှူဒါန်းခြင်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း ပုဂံ ၊ နိုဝင်ဘာ ၂၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နေ့လယ်ပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ယွန်းပညာကောလိပ် ဘွဲ့နှင်းသဘင်ခန်းမသို့ ရောက်ရှိ၍ အနုပညာဦးစီးဌာန၏ “ပုဂံခေတ် နတ်ချင်း” စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်၌ ယနေ့ ညနေ […]