မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် အလေးထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ

28/02/2020 doarnm 0

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ လူအဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) မျိုးနွယ်စု တစ်စုစု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးတို့က မျိုးဆက်တစ်ခုမှ တစ်ခု လက်ဆင့်ကမ်းလာခဲ့ကြပြီး ယင်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် ရိုးရာဓလေ့ထုံးစံ၊ အလေ့အထများ၊ ဖော်ပြချက်များ၊ အသိပညာများ၊ စွမ်းရည်များ တို့ကို ဆိုသည်။               UNESCO ၏ ၂၀၀၃ ကွန်ဗန်းရှင်းအရ […]

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂၀၂၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်

14/02/2020 adminculture35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲအား ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရုံးအမှတ် ၃၅၊ နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပပြုလုပ် ခဲ့ပါသည်။အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် […]

“မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသနစာတမ်းဖတ်ပွဲတွင် ဖတ်ကြားရန်အတွက် စာတမ်းများစိစစ်ရွေးချယ်ခြင်း

17/01/2020 dhrnl2 0

နေပြည်တော် ဇန် ၁၇               သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ကြီးမှူး၍ “မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် သုတေ သနစာတမ်းဖတ်ပွဲကို ၂ဝ၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သုတေသနစာတမ်း (၈)စောင် ဖတ်ကြားသွားမည်ဖြစ်ပါသည်။ […]

ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေထုတ်ပြန်ခြင်း

09/12/2019 doarnm 0

၁။           ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ (၁၇:၀၅)နာရီတွင် ရစ်ချ်စတာစကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်းအဆောက်အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံမှုအရ (၃၈၉)ဆူ ပျက်စီးခဲ့ပါသည်။ […]

၂၀၁၈-၂၀၁၉ပညာသင်နှစ်၊အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း Level-III Section 1-2 သင်တန်းဆင်းအောင်လက်မှတ်အပ်နှင်းပွဲနှင့်စွမ်းရည်ပြပွဲအခမ်းအနား

02/12/2019 nuacygn 0

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း Level-III Section 1-2 သင်တန်းဆင်းအောင်လက်မှတ်အပ်နှင်းပွဲနှင့် စွမ်းရည်ပြပွဲအခမ်းအနားကို ၃၀-၁၁-၂၀၁၉ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် NUAC(Ygn)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ရှေးဦးစွာ ပါမောက္ခချုပ်က သင်တန်းဆင်းလက်ရာမွန်ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်က သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ […]

“အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းဖွင့်လှစ်ခြင်းလုပ်ငန်းနှစ်ဦးသဘောတူစာချုပ်” လက်မှတ်ရေးထိုးခြင်းအခမ်းအနား

02/12/2019 nuacygn 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန နှင့် MCC ICT Services တို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရန် “အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းဖွင့်လှစ်ခြင်းလုပ်ငန်း နှစ်ဦးသဘောတူစာချုပ်” လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၃၀-၁၁-၂၀၁၉ရက်နေ့၊နံနက် (၀၉၀၀)နာရီ၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ NUAC(Ygn)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ MCC ICT […]

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စစ်ဆူဖတ်သရာဆီမိုင်း သရီဖိတ်တပ် ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ

29/11/2019 adminculture35 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ၊ သံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithank ဦးဆောင်သည့် အဖွဲ့အား (၂၉.၁၁.၂၀၁၉) ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ ဝန်ကြီးရုံး […]