
“စာဖတ်ပြပါ၊အာဆီယံ-ကိုရီးယားစာအတူဖတ်စို့လား” လှုပ်ရှားမှုတွင်ပါဝင်ရန်ဖိတ်ခေါ်ခြင်း
နေပြည်တော် ဇန် ၉ အာဆီယံ-ကိုရီးယား၏ ‘အတူတူစာဖတ်ကြစို့’ ပူးတွဲစီမံကိန်းအရ “စာဖတ်ပြပါ၊အာဆီယံ-ကိုရီးယားစာအတူဖတ်စို့လား” လှုပ်ရှားမှုကို၂၀၂၀ပြည့်နှစ်ဇန်နဝါရီလ၁၅ရက်နေ့ကနေဧပြီလ၂၃အထိ #Hashtag Challenge စိန်ခေါ်မှုအဖြစ်မြန်မာတနိုင်ငံလုံးကစာကြည့်တိုက်တွေမှာပြုလုပ်သွားကြပါမည်။ယခုလှုပ်ရှားမှုတွင်အသံထွက်၍စာဖတ်ပြခြင်းအစီအစဉ်ကိုပြုလုပ်သွားပါမည်။အသံထွက်၍ စာဖတ်ပြခြင်းအစီအစဉ်အတွက်ကိုရီးယားနိုင်ငံကလေးလူငယ် အမျိုးသားစာကြည့်တိုက်၏လက်စွဲလမ်းညွှန်ကိုအကောင်အထည်ဖော်ဆောင်ရွက်မည့်သင်တန်းပို့ချမှုနှင့် လက်တွေ့ဆောင်ရွက်မှုကိုအမျိုးသားစာကြည့်တိုက်(နေပြည်တော်)ကဦးဆောင်ပြီးနေပြည်တော်၊ ရန်ကုန်နဲ့ပြည်နယ်/ တိုင်းဒေသကြီးများရှိမြို့များတွင်ရှေးဟောင်းသုတေသနဌာနခွဲများနှင့်ပူးပေါင်းပြုလုပ်သွားပါမည်။ ၂၀၂၀ဇန်နဝါရီလတတိယပတ် /နောက်ဆုံးပတ်တွင်မန္တလေး၊စစ်ကိုင်းနှင့်ပုဂံမြို့များတွင်၃ရက်ကြာသင်တန်းများကိုဖွင့်လှစ်သွားပါမည်။ဖေဖော်ဝါရီလအတွင်းတွင်ဘားအံ၊မော်လမြိုင်/သိမ်ဇရပ်၊ထားဝယ်၊ပုသိမ်၊မကွေးမြို့များတွင်သင်တန်းများဖွင့်လှစ်သွားပါမည်။မတ်လအတွင်းတွင်လွိုင်ကော်၊တောင်ကြီး၊ကျိုင်းတုံ၊ဟားခါးမြို့များတွင်သင်တန်းများဖွင့်လှစ်သွားပါမည်။သင်တန်းကာလက၃ရက်ဖြစ်ပြီးသင်တန်းသား၃၀ဦးစီခေါ်ယူပါမည်။ဌာနဘတ်ဂျတ် ကန့်သတ်ချက်ကြောင့်သင်တန်းတက်ရောက်ရာတွင်တည်းခိုစားသောက်စရိတ်၊ခရီးစရိတ်စသည့်ကုန်ကျစရိတ်များကိုသင်တန်းသားကမိမိအစီအစဉ်ဖြင့်ကျခံကြရပါမည်။(ဌာနဆိုင်ရာဝန်ထမ်းများဖြစ်ပါကသက်ဆိုင်ရာဌာနများ၏ ကျခံမှုဖြင့် တက်ရောက်နိုင်ပါသည်) သင်တန်းတက်ရောက်ပြီးသူများသည်အသံထွက်၍ စာဖတ်ပြခြင်းလှုပ်ရှားမှုများကိုမိမိတို့ဒေသများတွင်တတ်နိုင်သမျှအကြိမ်များများပြုလုပ်ပြီးအမျိုးသားစာကြည့်တိုက်၏ Facebook page တွင်လှုပ်ရှားမှုဓာတ်ပုံများနှင့်ဗီဒီယိုဖိုင်များကိုပေးပို့ကြရပါမည်။လှုပ်ရှားဆောင်ရွက်ရမည့်နည်းလမ်းများ၊ပေးပို့ရမည့် နည်းလမ်းများကိုသင်တန်းတွင်ပြောပြသွားပါမည်။ […]