
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်အား ဖူးမြော်ကြည်ညို၍ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတွင်ထားရှိမည့် ပန်းချီကားများရေးဆွဲပြီးစီးနေမှုကို ကြည့်ရှု့စစ်ဆေးခြင်းမန္တလေး ၂၆ ရက်၊ မတ်လ၊ ၂၀၂၃ ခုနှစ်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ဌာနခွဲရှိ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာသာသနာရေးဆိုင်ရာများကိုမေးမြန်းလျှောက်ထားခဲ့ပါသည်။ ၎င်းနောက်ပြည်ထောင်စုဝန်ကြီးသည်မန္တလေးမြို့အနုပညာအထက်တန်းကျောင်းရှိပန်းချီ၊ပန်းပုဌာနနှင့်ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး) တို့တွင်ရေးဆွဲလျက်ရှိသည့် နေပြည်တော်၌တည်ထားကိုးကွယ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ပရဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက်များတွင်ထားရှိမည့် ပန်းချီကားများရေးဆွဲ နေမှုအခြေအနေ များကိုလိုက်လံကြည့်ရှု့စစ်ဆေးခဲ့ရာ အနုပညာဦးစီးဌာန […]