သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ၏(၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ မတ်လ၂၂ ရက်နေ့၊ နေပြည်တော်

22/03/2023 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ (၇၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ ၁၇:၃၀ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တက်ရောက်အဖွင့်စကားပြောခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ […]

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီစတုတ္ထအကြိမ် အစည်းအဝေးကျင်းပနေပြည်တော် ၊ ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်

22/03/2023 morac35 0

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကော်မတီဝင် […]

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများသို့ လှည့်လည်စစ်ဆေး

17/03/2023 doarnm 0

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်အတွင်း ပြသပစ္စည်းများ ခင်းကျင်း ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြသပစ္စည်များ ခင်းကျင်းပြသရာတွင် အများ ပြည်သူ များ လွယ်ကူစွာ ကြည့်ရှုနိုင်ရေး စနစ်တကျ ခင်းကျင်းပြသရန်၊ ပြခန်းများအလိုက် […]

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ Training for Seismic Risk Assessment of Some Selected Monuments in Bagan/ Nyaung U Area သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

17/03/2023 doarnm 0

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သုတေသနလုပ်ငန်းအဖွဲ့တို့ ပူးပေါင်း၍ Training for Seismic Risk Assessment of Some Selected Monuments in Bagan/ Nyaung U Area သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၅.၃.၂၀၂၃) ရက်နေ့ (၀၉:၀၀) နာရီ […]

ပြည်ထောင်စုဝန်ကြီး ဦးကိုကို (၇၈)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြု “ရွှေမြန်မာအငြိမ့်”အမှတ်စဉ်-၄ဝတ်စုံပြည့် အစမ်းလေ့ကျင့်ဇာတ်တိုက်နေမှုကို ကြည့်ရှုစစ်ဆေးနေပြည်တော် မတ်လ ၈ ရက်

08/03/2023 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နေ့လယ်(၁၅၃၀)နာရီအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်  ညွှန်ကြားရေးမှူးချုပ်များ၊ မြဝတီရုပ်မြင်သံကြား တပ်မှူး၊ […]

မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ကျောက်ခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကျင်းပနေပြည်တော် ၊ မတ်လ ၇

07/03/2023 morac35 0

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကျောက်ခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ယနေ့ (၁၀:၀၀) နာရီ၌ ပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်များ၊  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့် […]

 “ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း (Staff Capacity Building on English Proficiency Pilot Course)”ဖွင့်ပွဲကျင်းပ၁.၃.၂၀၂၃နေပြည်တော်                                                                           

01/03/2023 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) တွင် ၂၀၂၃ ခုနှစ်၊ မတ်လဆန်းမှ စတင်၍ ရက်သတ္တပတ် (၆) ပတ်ကြာ ဖွင့်လှစ်မည့် “ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း (Staff Capacity Building on English Proficiency Pilot […]

မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ကျောက်ခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကျင်းပ

22/02/2023 doarnm 0

   မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန် အတွက် မဏ္ဍိုင် တစ်ရပ် ဖြစ်သည့် ကျောက်ခေတ်ဆိုင်ရာ အထောက်အထားများ ဆွေးနွေးပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ယနေ့ (၁၀:၀၀)နာရီမှ (၁၆:၀၀) နာရီအထိ ပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာ့သမိုင်းအဖွဲ့ ပညာရှင်များ၊ […]

“မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၏ အရွေ့နှင့်သမိုင်းအမြင်”သုတေသနစာတမ်းဖတ်ပွဲကျင်းပ နေပြည်တော်

20/02/2023 morac35 0

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနက ကြီးမှူးကျင်းပသည့် “မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၏ အရွေ့နှင့်သမိုင်းအမြင်” သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉;၀၀)နာရီတွင် အမျိုးသား စာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပ ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန […]

မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာအထောက်အထား အချက်အလက်များ ဆွေးနွေးပွဲကျင်းပနေပြည်တော်၊ ‌ဖေဖော်ဝါရီ ၁၄

14/02/2023 morac35 0

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန် အတွက် “ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ အထောက်အထားအချက်အလက်များ ဆွေးနွေးပွဲ ကို  သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ယနေ့ (၁၀:၀၀)နာရီမှ (၁၅:၀၀) နာရီအထိ ပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ရှေးဟောင်း သုတေသနနှင့် […]