တည်နေရာ။ မန္တလေးတိုင်းဒေသကြီး ၆၆လမ်း၊ ၂၀-၂၂ကြားအောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ နန်းရှေ့တွင်တည်ရှိပါသည်။ အရှေ့အနောက် ၂၈၀ ပေ တောင်မြောက် ၅၅၃ပေ ၊ အကျယ်အဝန်း ၃.၅ ဧက ကျယ်ဝန်းပါသည်။
အမျိုးသားဇာတ်ရုံ(မန္တလေး)သမိုင်းအကျဉ်း
ဇာတ်ရုံအဆောက်အဦ အမျိုးအစားသည် သံကူကွန်ကရစ် အမျိုးအစား ဖြစ်ပါသည်။ ၁.၁.၁၉၉၃ ရက်နေ့တွင် လုပ်ငန်းစတင်ပြီး အမျိုးသားဇာတ်ရုံ ဖွင့်ပွဲ အခမ်းအနားကို ၁၆.၁၀.၁၉၉၉ ရက်နေ့တွင် ကျင်းပနိုင်ခဲ့ပါသည်။ အမျိုးသားဇာတ်ရုံ (မန္တလေး) သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန ဇာတ်ရုံဌာနခွဲ (နေပြည်တော်)၏ ကြီးကြပ်မှု အောက်တွင်ရှိပါသည်။ ဇာတ်စင်အလျားမှာ ၄၃ ပေ၊အနံ ၄၀ပေ၊အမြင့် ၆၀ပေ ရှိပါ သည်။ ဇာတ်ရုံအလျားမှာ ၂၅၆ ပေ အနံ ၁၄၄ပေ ရှိပေရှိပါသည်။ ပွဲကြည့်စင် ခန်းမ ၅၆ ပေရှိပြီး၊ မြေညီထပ်ထိုင်ခုံမှာ ၇၂၅ ခုံ၊ အပေါ်ထပ် ၄၇၄ ခုံ စုစုပေါင်း ၁၁၉၉ ဦး ကြည့်ရှုနိုင်ပါသည်။





ဇာတ်ရုံငှားရမ်းခနှုန်းထားများ
(က) |
ကြိုတင်ပြင်ဆင်ရက် |
၁၀ သိန်း |
(ခ) |
ပွဲကျင်းပပြုလုပ်သည့်ရက် |
၂၀ သိန်း |
အမျိုးသားဇာတ်ရုံ(မန္တလေး) LED Mega Pixel-16(Out Door) အသုံးပြုခနှုန်းထားများ
အလျား ၂၃. ၄ ပေ × အနံ ၁၂ . ၆ ပေ |
၈ သိန်းအချိန်ပို ၁ နာရီကြာပါက ၂ သိန်း 1 Section ( ၄ နာရီ ) |
အမျိုးသားဇာတ်ရုံ(မန္တလေး) ပွဲကြည့်ထိုင်ခုံ( အောက်ထပ် ၇၂၅ ခုံ ၊အပေါ်ထပ် ၄၇၄ ခုံ )
အမျိုးသားဇာတ်ရုံ(ရန်ကုန်/မန္တလေး)ငှားရမ်းမှုပုံစံ
၁။ |
မိမိသုံးစွဲလိုသည့် ဇာတ်ရုံ၊ ငှားရမ်းလိုသည့် ရက်၊ အကြောင်းအရာများကို ညွှန်ကြားရေးမှူး၊ ဇာတ်ရုံဌာနခွဲသို့ လိပ်မူ၍ လျှောက်ထားရန်၊ |
|
၂။ |
ဇာတ်ရုံအားလပ်ကြောင်း ပြန်ကြားစာရရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ပွဲကျင်းပပြုလုပ်မိန့်လျှောက်ထားရန်၊ |
|
၃။ |
သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပွဲမိန့်ရရှိပါက ဇာတ်ရုံဌာနခွဲသို့ ပြန်လည် တင်ပြရန်၊ |
|
၄။ |
ဇာတ်ရုံသုံးစွဲခွင့်ပြုကြောင်း ပြန်ကြားစာရရှိပါက သက်ဆိုင်ရာဇာတ်ရုံတွင် သတ်မှတ် စာချုပ် ချုပ်ဆို၍ ငှားရမ်းခများပေးသွင်းကာ ဇာတ်ရုံသုံးစွဲခြင်းကို ဆက်လက်ဆောင်ရွက် နိုင်ပါသည်။ |
|
၅။ |
အမျိုးသားဇာတ်ရုံ(ရန်ကုန်/မန္တလေး) ငှားရမ်းလိုပါက အောက်ပါအတိုင်းဆက်သွယ် နိုင်ပါသည် – |
|
(က) |
ဇာတ်ရုံဌာနခွဲ(နေပြည်တော်) ဖုန်းနံပါတ် – ၀၆၇၃ ၄၀၈၄၅၄၊ ၀၆၇၃ ၄၀၈၅၁၆ Mail – theatredivision.npw@gmail.com |
|
(ခ) |
အမျိုးသားဇာတ်ရုံ(ရန်ကုန်) ဖုန်းနံပါတ် – ၀၁၃၈၂၄၈၉ |
|
(ဂ) |
အမျိုးသားဇာတ်ရုံ(မန္တလေး) ဖုန်းနံပါတ် – ၀၂၄၀၆၁၁၆၈ |