တည်နေရာ။ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ မြို့မကျောင်းလမ်းတွင် တည်ရှိပါ သည်။ ဇာတ်ရုံ၏ အရှေ့/အနောက် အရှည်မှာ ၂၂၀ မီတာနှင့် တောင်/ မြောက် အရှည်မှာ ၁၁၅ မီတာဖြစ်၍ မြေဧရိယာအကျယ်အဝန်း ၈.၅၁၄ ဧကရှိပါသည်။
အမျိုးသားဇာတ်ရုံ(ရန်ကုန်)သမိုင်းအကျဉ်း
၁၉၈၅ ခုနှစ်၊ မတ်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတကြီး လီရှန်နင့်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးအလည်အပတ် ရောက်ရှိခဲ့စဉ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်အစိုးရနှင့်ပြည်သူတို့၏ ကိုယ်စား မေတ္တာလက်ဆောင်ပေးခဲ့သော အမျိုးသား ဇာတ်ရုံကြီးမှာ ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၂၇ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ၃၁.၁.၁၉၉၁ ရက်နေ့တွင် လွှဲပြောင်းလက်ခံမှုပြုခဲ့ပါသည်။ ဇာတ်ရုံအဆောက်အဦ၏ အလျားမှာ ၃၃၀ ပေ၊ အနံ ၃၁၂ ပေနှင့် အမြင့်မှာ ၇၂ ပေဖြစ်ပါသည်။ ဇာတ်စင်အလျားမှာ ၄၅ ပေ၊အနံ ၆၀ပေ၊ အမြင့် ၇၂ ပေ ရှိပါသည်။ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အမျိုးသားဇာတ်ရုံ အမည်ပေါက် မြေတိုင်းမြေပုံရရှိပြီး ဖြစ်ပါသည်။ မြေညီထပ် ထိုင်ခုံ ၈၉၈ ခုံနှင့် အပေါ်ထပ်ထိုင်ခုံ ၅၄၄ ခုံ ရှိသည့်အတွက် စုစုပေါင်း ၁၄၂၂ ဦး ကြည့်ရှုနိုင် ပါသည်။




အမျိုးသားဇာတ်ရုံ(ရန်ကုန်) ငှားရမ်းခနှုန်းထားများ
(က) |
ကြိုတင်ပြင်ဆင်ရက် |
၁၀ သိန်း |
(ခ) |
ပွဲကျင်းပပြုလုပ်သည့်ရက် ( မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲများ၊ အခမ်းအနားများနှင့် စာပေဟောပြောပွဲများ) |
၂၀ သိန်း |
(ဂ) |
စင်တင်တေးဂီတများ၊ ဖျော်ဖြေပွဲများ၊ Fashion Show များ |
၃၀ သိန်း |
အမျိုးသားဇာတ်ရုံ(ရန်ကုန်) LED Mega Pixel-3(Indoor)အသုံးပြုခနှုန်းထားများ
အလျား ၃၀ ပေ × အနံ ၁၉ ပေ |
၁၅ သိန်း အချိန်ပို ၁ နာရီကြာပါက ၄ သိန်း 1 Section ( ၄ နာရီ ) |
အမျိုးသားဇာတ်ရုံ(ရန်ကုန်)၏ အပေါ်ထပ်ပွဲကြည့်စင် Seating Plan
ထိုင်ခုံ ၅၄၄ ခုံ

အမျိုးသားဇာတ်ရုံ(ရန်ကုန်)၏ အောက်ထပ်ပွဲကြည့်စင် Seating Plan
ထိုင်ခုံ ၈၉၈ ခုံ
