ဖွဲ့စည်းပုံများ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်း

တက္ကသိုလ်၏ဖွဲ့စည်းပုံများတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း

တက္ကသိုလ်၏ဖွဲ့စည်းပုံအား အောက်ပါအတိုင်း အဆင့်ဆင့်တိုးချဲ့ပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည် –

  • ၁၈-၉-၁၉၉၁ ရက်နေ့ ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၃၇/၁၉၉၁)၏သဘောတူညီချက်အရ ကျောင်းအုပ်ကြီး ကွပ်ကဲသော အရာထမ်း(၇၈)နေရာ၊ အမှုထမ်း(၂၃၄)နေရာ၊ စုစုပေါင်း (၃၁၂) နေရာ ဖြင့် အဆင့်(၃)တက္ကသိုလ် ၊
  • ၄-၆-၁၉၉၇ ရက်နေ့ ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၁/၁၉၉၇)၏သဘောတူညီချက်အရ ပါမောက္ခချုပ် ကွပ်ကဲသော အရာထမ်း(၁၀၅)နေရာ၊ အမှုထမ်း(၃၇၆)နေရာ၊ စုစုပေါင်း (၄၈၁)နေရာ ဖြင့် အဆင့်(၂)တက္ကသိုလ် ၊
  • ၃-၁၂-၁၉၉၇ ရက်နေ့ ။ ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏အတည်ပြုချက်အရ ဒုတိယပါမောက္ခချုပ် (၂)နေရာအပါအဝင် အရာထမ်း(၁၀၇)နေရာ၊ အမှုထမ်း (၃၇၆)နေရာ၊ စုစုပေါင်း (၄၈၃)နေရာ ဖြင့် အဆင့်(၂)တက္ကသိုလ် ၊
  • ၂၇-၁၀-၂၀၀၅ ရက်နေ့ ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ၏ သဘောတူညီချက်ဖြင့် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄၀/၂၀၀၅)၏ခွင့်ပြုချက်အရ ပါမောက္ခချုပ် ကွပ်ကဲသော အရာထမ်း(၁၀၇) နေရာ၊ အမှုထမ်း(၃၇၆)နေရာ၊ စုစုပေါင်း(၄၈၃)နေရာဖြင့် အဆင့်(၁)တက္ကသိုလ်၊
  • ၁၁-၂-၂၀၁၀ ရက်နေ့ ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ၏ သဘောတူညီချက်ဖြင့် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၁၀)၏ခွင့်ပြုချက်အရ ပါမောက္ခချုပ် ကွပ်ကဲသော အရာထမ်း(၉၆) နေရာ၊ အမှုထမ်း(၂၂၃)နေရာ၊ စုစုပေါင်း(၃၁၉)နေရာဖြင့် အဆင့်(၁)တက္ကသိုလ်၊
  • ၁၅-၁-၂၀၁၅ ရက်နေ့ ။ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)၏သဘောတူညီချက်အရ ပါမောက္ခချုပ် ကွပ်ကဲသော အရာထမ်း(၉၄)နေရာ၊ အမှုထမ်း(၂၁၉)နေရာ၊ စုစုပေါင်း(၃၁၃) နေရာ ဖြင့် အဆင့်(၁)တက္ကသိုလ်၊