အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၏ Academic Event Calendar အရ ထိန်းသိမ်းမျှဝေယဉ်ကျေးမှုအမွေ (၃/၂၀၂၆) ဟောပြောပွဲ အခမ်းအနားအား ၁၀-၂-၂၀၂၆ ရက်၊ အင်္ဂါနေ့၊ နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁၂:၃၀) နာရီထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များကောင်စီဝင်၊ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့် ပညာရှင် ဦးသန်းမောင်(စစ်တွေ)က “ဒြပ်မဲ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေရှုထောင့်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယ ပါမောက္ခချုပ်(စီမံ) ဦးလှခိုင်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်း၊ ပညာဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး Zoom Meeting Online ဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၊ အမျိုးသား ပြတိုက်(ရန်ကုန်)၊အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန(ရန်ကုန်ဌာနခွဲ) တို့မှ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်(သင်ကြား)ဦးခိုင်ထွန်းက အဖွင့်အမှာစကား ပြောကြား၍ ပညာရှင် ဦးသန်းမောင်(စစ်တွေ)က ဒြပ်မဲ့ယဉ်ကျေးမှုထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေ ရှုထောင့်နှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းကြရာ ပညာရှင်ဦးသန်းမောင်(စစ်တွေ)က ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်းက ပညာရှင် ဦးသန်းမောင်(စစ်တွေ)အား ဂုဏ်ပြုလက်မှတ်နှင့်ဂါရဝလက်ဆောင် ပေးအပ်ခဲ့ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။






![]()