ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ကြသည့် အတွေ့အကြုံများ ရှင်းလင်းပွဲ (အိန္ဒိယနိုင်ငံ)

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ ကြသည့် ဆရာမများက ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းပွဲကို ၁၃-၁၁-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက် ခဲ့ကြပါသည်။

          အတွေ့အကြုံရှင်းလင်းပွဲတွင် ကထိက(သဘင်) ဒေါ်အိအိသန့်၊ ကထိက(ဂီတ) ဒေါ်ခင်ခိုင်ခိုင်လဲ့၊ လက်‌ထောက်ကထိက (ပန်းချီ) ဒေါ်ရည်မွန်သန့်တို့က ၁၃-၁၀-၂၀၂၄ ရက် နေ့မှ ၁၉-၁၀-၂၀၂၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Kulla Dussehra အနုပညာ ပွဲတော် သို့တက်ရောက်ခဲ့သည့်  အတွေ့အကြုံများကို PowerPointဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။

Loading