အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၅) အစည်းအ‌ဝေးကျင်းပ

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေး အဖွဲ့အစည်းအဝေး (၁/၂၀၂၅) အစည်းအဝေးကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) စွယ်တော်ဆောင် အစည်းအဝေးခန်းမတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်၊ နံနက် (၁၀) နာရီတွင် ကျင်းပခဲ့ရာ တက္ကသိုလ်ပညာရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပါမောက္ခချုပ် ‌ဒေါက်တာကေသီထွေး၊ ဒုတိယပါ‌မောက္ခချုပ်(သင်ကြား)နှင့် ပညာဌာန အသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ပညာရေးအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပညာရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပါမောက္ခချုပ် ‌ဒေါက်တာကေသီထွေးက အဖွင့်အမှာ စကား ပြောကြား သည်။ ထို့နောက် ပညာရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ -၁၊  ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်းက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ချီးမြှင့်အပ်နှင်းခဲ့ သည့် ဂုဏ်ထူးဆောင်ဘွဲ့ အသီးသီး အလိုက် အရည်အချင်း သတ်မှတ်ချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ပြင်ဆင်ခဲ့သည့် အချက်များကို ရှင်းလင်း တင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပညာရေးအဖွဲ့ဝင်များက ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့၊ ဂုဏ်ထူးဆောင်မဟာ ဝိဇ္ဇာဘွဲ့၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များ ချီးမြှင့်အပ်နှင်းရာတွင် ဖြည့်စွက်ထည့်သွင်း သင့်သည့် အချက်များကို အကြံပြု ဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့‌နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပညာရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပါမောက္ခချုပ် ‌ဒေါက်တာကေသီထွေးက နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေး ကို ရုပ်သိမ်းခဲ့ပါသည်။

Loading