မြန်မာ့သနပ်ခါးအား UNESCO  ၏ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Representative List of The Intangible Cultural Heritage of Humanity)သို့အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် “မြန်မာ့သနပ်ခါးနေ့”အထိမ်းအမှတ်လှုပ်ရှားမှုအခမ်းအနားကျင်းပခြင်းကို ဒုတိယဝန်ကြီး တက်ရောက်အားပေးခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ မြန်မာ့သနပ်ခါးကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် (Representative List of The Intangible Cultural Heritage of Humanity) သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် အကြိုလှုပ်ရှားမှုအဖြစ်လည်းကောင်း၊ တပို့တွဲလပြည့်နေ့ တွင် သတ်မှတ်ထားသည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်၊ ပြည်ထောင်စုနေ့တွင် ကျရောက်သည့် “မြန်မာ့သနပ်ခါးနေ့” အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ်လည်းကောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ အမျိုးသားပြတိုက် (နေပြည်တော်)မှ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) မူလွန် (ညောင်ပင် ကြီးစု)ကျောင်းမှ ကြီးကြပ်သူဆရာမ (၅)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၇၀)ဦး၊ Honey Tree ကိုယ်ပိုင် မူလတန်းကျောင်းမှ ကြီးကြပ်သူ ဆရာမ(၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦးတို့ ပါဝင် တက်ရောက်ဆင်နွှဲခဲ့ကြပါသည်။

          “မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်” လှုပ်ရှားမှုအခမ်းအနား၌  အမျိုးသားစာကြည့်တိုက် (နေပြည်တော်)မှ စာကြည့်တိုက်မှူးများက မြန်မာ့သနပ်ခါး၏ သမိုင်းကြောင်းနှင့်အစဉ်အလာ ယဉ်ကျေးမှုများ၊ မြန်မာ့သနပ်ခါး၏ အကျိုးကျေးဇူးများကို ရှင်းလင်းဟောပြောခြင်း၊ မြန်မာ့ သနပ်ခါးနှင့်သက်ဆိုင်သည့် စာအုပ်စာတမ်းများခင်းကျင်းပြသခြင်း၊ မြန်မာ့သနပ်ခါးနှင့် သက်ဆိုင် သည့် ဗီဒီယိုမှတ်တမ်းပြသခြင်း၊ မြန်မာ့သနပ်ခါးနှင့်ဆက်စပ်သည့် အကြောင်းအရာများ ရှာဖွေ နိုင်သည့် Website Link များ စီစဉ်ထားရှိခြင်း၊ မြန်မာ့သနပ်ခါးအကြောင်း ပုံဖော်ရေးသားထားသည့် ကဗျာများရွတ်ဆိုဖတ်ပြခြင်း၊ ကျောင်းသား/ကျောင်းသူများမှ သနပ်ခါးကဗျာ ရွတ်ဆိုသရုပ်ပြခြင်း၊ ကျောင်းသား/ကျောင်းသူများအား မြန်မာ့သနပ်ခါးများလိမ်းခြယ်ပေးခြင်းနှင့် ကိုယ်တိုင်လိမ်းခြယ် စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများအား အဆာပြေမုန့်၊ အချိုရည်များ ဖြင့် ဧည့်ခံကျွေးမွေးခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

          အလားတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနအောက်ရှိ အမျိုးသားပြတိုက်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအသီးသီးရှိ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်များတွင် မြန်မာ့သနပ်ခါးနေ့အထိမ်းအမှတ်လှုပ်ရှားမှုများကို သနပ်ခါးရက်သတ္တပတ် (Thanakha Week) အနေဖြင့်ဖြစ်စေ၊ သနပ်ခါးလ (Thanakha Month) အနေဖြင့်ဖြစ်စေ ဖေဖော်ဝါရီလ တစ်လလုံး ဆောင်ရွက်လှုပ်ရှားကြရန် နှိုးဆော်တိုက်တွန်းထား ကြောင်း သတင်းရရှိပါသည်။

Loading