
မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေး အစည်းအဝေးကို ၁၇-၂-၂၀၂၅ ရက်နေ့၊မွန်းလွဲ ၁နာရီခွဲတွင် ဒဂုံမြို့သစ်တောင်ပိုင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)ရှိ စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူများက In person အားဖြင့်လည်းကောင်း၊ Video Conferencing စနစ်ဖြင့်လည်းကောင်း တက်ရောက် ဆွေးနွေးကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေး ကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံက မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေး ကော်မတီမှ ဆောင်ရွက်ထားရှိမှုများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားဝတ်စုံများ၏ အချက်အလက်များ ပေးပို့ရာတွင် မှန်ကန်မှုရှိရေး၊ ဝတ်စုံများ၏ သမိုင်းကြောင်းများ၊ ဝတ်စုံများနှင့် ပတ်သက်၍ သက်ဆိုင်ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်ကြသူများက မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ ပြင်ဆင်ဖြည့်စွက်ရမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ် ရေးကော်မတီ အတွင်းရေးမှူး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ယနေ့အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အတည်ပြုတင်ပြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံက နိဂုံးချုပ်စကားပြောကြားသည်။


