
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန သည် အများပြည်သူများ သိရှိစေရန်အတွက် ရှေးဟောင်းဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း၊ အပ်နှံခြင်း အတွက် အသိပညာပေးဆောင်းပါးကို နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင်း၊ လက်ကိုင်ဖုန်းများမှ တဆင့် ပြည်သူများထံသို့ Short Message ဖြင့်လည်းကောင်း၊ Awareness ပြုလုပ်ခြင်းဖြင့် လည်းကောင်း အသိပေးလျက်ရှိပါသည်။ ထိုသို့ အသိပညာပေးခြင်းများပြုလုပ်ခြင်းဖြင့် အများပြည် သူများသိရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသာပြတိုက်ဦးစီးဌာနသို့ ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံလျက်ရှိပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်လှူဒါန်းခြင်းနှင့် အပ်နှံခြင်းအတွက် ဂုဏ်ပြုအခမ်းအနားကို ယနေ့ နံနက်(၁၁:၀၀) နာရီ အချိန်တွင် အမျိုးသားပြတိုက်(နေပြည်တော်)၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြတိုက်)များနှင့် ဌာနအရာထမ်း/ အမှုထမ်းများ၊ ရှေးဟောင်းဝတ္ထုပစ္စည်း လှူဒါန်းသူ၊ အပ်နှံသူ များ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနား၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြတိုက်များ)က ရှေးဟောင်းဝတ္ထုစ္စည်း လှူဒါန်းသူ၊ အပ်နှံသူများအား စုဆောင်းထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ယခုလို အပ်နှံသည့်အတွက် များစွာတန်ဖိုးထားပါကြောင်း၊ အပ်နှံ သူများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နောင်တွင်လည်း ရှေးဟောင်းဝတ္ထုပစ္စည်းများ တွေ့ရှိပါက လာရောက်အပ်နှံပေးစေလိုကြောင်းနှင့် နိုင်ငံတော်မှလည်း ထိုက်သင့်သည့် ဆုကြေးငွေ များ ပေးအပ်လျက်ကြောင်းကို မိမိပတ်ဝန်းကျင်မှ ပြည်သူများသို့ တဆင့်စကား ပါးစေလိုပါကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြတိုက်များ)က နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ဦးဝင်းကိုကိုက ၎င်း စုဆောင်းသိမ်းဆည်းထား သော ဟံသာဝတီခေတ် ဟင်္သာအလေး(၂)ခု၊ ကုန်းဘောင်ခေတ် တိုးနယား အလေး(၁)ခု၊ ကြေးခေတ် မြေအိုး(၁)ခုတို့ကို လာရောက်လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့မှ ဦးဆန်းညွန့်မျိုး စုဆောင်းသိမ်းဆည်းထားသော ပျူခေတ်ငွေဒင်္ဂါး(၅)ခု၊ ငွေလက်စွပ်(ကွင်းသေး)(၁) ကွင်း၊ ငွေလက်ကောက်(၁)ကွင်း၊ ငွေပြားကွပ်ကြေးနန်းခံ(ကျိုး)(၁)ကွင်း၊ သတ္တုပါဝင်မှုမရှိသည့် လက်ကောက်(၁)ကွင်း၊ ကြေးလက်ကောက်အပိုင်းအစ(၁)ကွင်းနှင့် ကြေးလင်ဗန်း (ငယ်)(၁)တို့ကို လာရောက်အပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုကြေးငွေ ကျပ် ၆၈၀၅၄ ၈/- (ကျပ် ခြောက်သိန်းရှစ်သောင်း ငါးရာလေးဆယ့် ရှစ်တိတိ)ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်မျိုးဝင်း က နေပြည်တော်၊ အမှတ်(၂) တပ်မတော်ဆေးရုံးကြီး ကုတင်(၁၀၀၀)စစ်ဆေးရုံမှ ဗိုလ်ကြီး မင်းဝေအောင် ၏ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းထားသော ဟံသာဝတီခေတ် ဟင်္သာအလေး(၁)ခုအား လာရောက် အပ်နှံခြင်းအတွက် ချီးမြှင့်ငွေကျပ် ၃၃၀၀၀၀/- (ကျပ်သုံးသိန်းသုံး သောင်းတိတိ)ကို ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ ထိုနောက် ရှေးဟောင်းဝတ္ထုပစ္စည်းများ လှူဒါန်းသူ၊ အပ်နှံသူများ ကိုယ်စား ဗိုလ်ကြီး မင်းဝေအောင်က အမှတ်တရ စကားပြောကြားခဲ့ပြီး အခမ်းအနားကို နေလယ်(၁၂:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။