မဲခေါင်ဒေသတွင်း ဖန်တီးမှုရုပ်ရှင်ပွဲတော် (ရုပ်ရှင်ပွဲတော်၊ မှတ်တမ်းရုပ်ရှင်များအားပြသခြင်း နှင့် ဆွေးနွေးပို့ချခြင်း)

          Mekong Creative Film Festival (Traditional Games and Foods) (Film Festival, Master Classes, Film Screening, Prize Awarding Ceremony & Public Show) မဲခေါင်ဒေသတွင်း ဖန်တီးမှုရုပ်ရှင်ပွဲတော် (ရုပ်ရှင်ပွဲတော်၊ မှတ်တမ်းရုပ်ရှင်များအားပြသခြင်း နှင့် ဆွေးနွေးပို့ချခြင်း) ဖွင့်ပွဲအခမ်းအနားကို  ၁၇-၂-၂၀၂၅ ရက်နေ့၊ ၀၈း၃၀ နာရီတွင် မြဝတီမီဒီယာစင်တာ၊ အမှတ်(၁၅)၊ မိုးကောင်းလမ်း၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး နံနက် ၁၀း၁၀ နာရီတွင် မှတ်တမ်းရုပ်ရှင်များအားပြသခြင်း နှင့် ဆွေးနွေးပို့ချခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစီအစဉ်အရ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ‌ဒေါက်တာကေသီထွေးက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (MKCF)မှ Project Coordinator Ms. Mi Jung Im က အစီအစဉ်  မိတ်ဆက်စကားပြောကြားခဲ့ပါသည်။

ထို့နောက် မှတ်တမ်းရုပ်ရှင်ဖန်တီးမှုအတတ်ပညာဆွေးနွေးပို့ချမှု အနေဖြင့် ကိုရီးယားနိုင်ငံ မှ Korea National University of Arts (K-Arts), Professor, Ms. Kim Soogi Republic of Korea နှင့် ကမ္ဘောဒီးယားနိုင်ငံမှ Ministry of Information, Secretary of state, H.E. HIM Sotithya တို့က ဆွေးနွေးပို့ချခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်းနှင့် ပြန်လည်ရှင်းလင်းဖြေကြားခြင်းတို့ပြုလုပ်ခဲ့ကြပါသည်။

မှတ်တမ်းရုပ်ရှင်များပြသရာတွင် ကမ္ဘောဒီးယားနိုင်ငံမှ ရိုးရာအားကစား(Racing Boat) မှတ်တမ်းရုပ်ရှင်၊ လာအိုနိုင်ငံမှ ရိုးရာအားကစား(Muay Lai Lao)မှတ်တမ်းရုပ်ရှင်၊ မြန်မာနိုင်ငံမှ ရိုးရာအားကစား(Chinlone: The Heartbeat of Myanmar) မှတ်တမ်း ရုပ်ရှင်များပြသခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ ရိုက်ကူးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး အခမ်းအနားကို ၁၅:၄၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Loading