မဲခေါင်ဒေသတွင်း ဖန်တီးမှုရုပ်ရှင်ပွဲတော် (ရုပ်ရှင်ပွဲတော်၊ မှတ်တမ်းရုပ်ရှင်များအားပြသခြင်း နှင့် ဆွေးနွေးပို့ချခြင်း) ဆက်လက်ကျင်းပခြင်း

                    Mekong Creative Film Festival (Traditional Games and Foods) (Film Festival, Master Classes, Film Screening, Prize Awarding Ceremony & Public Show) မဲခေါင်ဒေသတွင်း ဖန်တီးမှုရုပ်ရှင်ပွဲတော် (ရုပ်ရှင်ပွဲတော်၊ မှတ်တမ်းရုပ်ရှင်များအားပြသခြင်း နှင့် ဆွေးနွေးပို့ချခြင်း)ကို ၁၉-၂-၂၀၂၅ ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်ရာ မှတ်တမ်း ရုပ်ရှင်ဖန်တီးမှု အတတ်ပညာ ဆွေးနွေးပို့ချမှုအနေဖြင့် ဗီယက်နမ်နိုင်ငံမှ Vietnam National Studio for Documentary and Scientific Film, Mr. Nguyen Sy Bang က ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်းနှင့် ပြန်လည်ရှင်းလင်းဖြေကြား ခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။ မှတ်တမ်းရုပ်ရှင်များပြသရာတွင် မြန်မာနိုင်ငံမှ ရိုးရာအစားအစာ(Green Tea : Forest to Feast) မှတ်တမ်းရုပ်ရှင်၊ ထိုင်းနိုင်ငံမှ ရိုးရာအစားအစာ (Handmade Noodles) မှတ်တမ်း ရုပ်ရှင်၊ ဗီယက်နမ်နိုင်ငံမှ ရိုးရာအစားအစာ(Bun Cha “The Child of Fire) မှတ်တမ်းရုပ်ရှင် များ ပြသခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ ရိုက်ကူးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါပြီး အခမ်းအနားကို ၁၃:၅၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


Loading