“Capacity Building for SOCA and ASCC Sectoral Bodies of CLMV Countries on the ASCC Blueprint 2025 M&E System, including the End-Term Review of the ASCC Blueprint 2025″ သင်တန်းကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီအစည်းအဝေး ကျင်းပ ၁၀.၃.၂၀၂၅ နေပြည်တော်

အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ Orientation ခန်းမ၌ “Capacity Building for SOCA and ASCC Sectoral Bodies of CLMV Countries on the ASCC Blueprint 2025 M&E System, including the End-Term Review of the ASCC Blueprint 2025″ သင်တန်းကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီအစည်းအဝေးအား ၁၀.၃.၂၀၂၅၊ နေ့လယ် ၁၄:၀၀ နာရီတွင် ကျင်းပခဲ့ပါသည်။

          အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်၍ ဝန်ကြီးဌာနအသီးသီးမှ ဖိတ်ကြားထားသည့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ အာဆီယံ လူမှုယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ၊ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် လုပ်ငန်းကော်မတီများမှ တာဝန် ရှိသူများ တက်ရောက်ကြပါသည်။

          အဆိုပါဦးစီးကော်မတီအစည်းအဝေး၌ ဒုတိယဝန်ကြီးဒေါ်နုမြဇံက အဖွင့်မိန့်ခွန်းပြောကြား ရာတွင် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံစသည့် CLMV နိုင်ငံများမှ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်နှင့် လုပ်ငန်းအစုအဖွဲ့များ၏ လက်တွေ့လုပ်ငန်း စွမ်းဆောင်ရည်နှင့် အသိပညာများကို မြှင့်တင်ပေးရန်နှင့် မကြာခင် ပြီးဆုံးတော့မည့် အာဆီယံ လူမှု – ယဉ်ကျေးမှု အသိုက်အဝန်းအခြေပြမြေပုံ (End-Term Review of the ASCC Blueprint 2025) ကို ချောမောစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး ပို့ချမည့် သင်တန်း အတွက် ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ အာဆီယံ လူမှု – ယဉ်ကျေးမှု အသိုက်အဝန်းအခြေပြမြေပုံ ၂၀၂၅ နှင့် စပ်လျဉ်းပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးက  ကြီးမှူး၍ ASCC Database Monitoring and Evaluation(ADME) စနစ်အား တည်ထောင်ထားရှိပြီးဖြစ်ရာ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အချက်အလက်များကို update ပြုလုပ်ခြင်းကို ဆောင်ရွက်ရန်အတွက် သင်တန်းပို့ချသင်ကြားပေးရေး ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ယခုသင်တန်းကို အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ ၂၀၂၅ (ASEAN-China Cooperation Fund (ACCF) ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းဆရာများအဖြစ် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးရှိ ကဏ္ဍအလိုက် တာဝန်ရှိကျွမ်းကျင်သူများက လာရောက်ပို့ချပေးမည် ဖြစ်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်အောက်ရှိ လုပ်ငန်းအစုအဖွဲ့များတွင် အမှန်တကယ် လုပ်ငန်း ဆောင်ရွက်နေသော ဝန်ထမ်းများက သင်တန်းသား/ သင်တန်းသူများအဖြစ် ပါဝင်တက်ရောက် ကြမည် ဖြစ်ပါကြောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ကြီးမှူးပြီး အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်တွင် ပါဝင်သည့် ဆက်စပ်ဝန်ကြီးဌာနများ၏  အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းအခြေပြမြေပုံ ၂၀၂၅ ပါ မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ၊ အာဆီယံ နှင့်စပ်လျဉ်းပြီး နှစ်စဉ်ထုတ်ပြန်လျက်ရှိသည့် ကြေညာချက်များ၊ မှတ်တမ်းမှတ်ရာများ၊ အာဆီယံ ခေါင်းဆောင်များ၏ ထုတ်ပြန်ချက်များပါ နောက်ဆက်တွဲလုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ ASCC Database များကို စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် Update ပြုလုပ် ခြင်းတို့ကို ဆောင်ရွက်ရာတွင် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်နှင့် လုပ်ငန်းအစု အဖွဲ့များက  အချက်အလက်များ၊ စာရင်းဇယားများကို စနစ်တကျ ထည့်သွင်းဆောင်ရွက်နိုင်ရေး လက်တွေ့သင်ကြားပေးမည့် အစီအစဉ်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးဖြစ်သူ၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်မြင့်က “Capacity Building for SOCA and ASCC Sectoral Bodies of CLMV Countries on the ASCC Blueprint 2025 M&E System, including the End-Term Review of the ASCC Blueprint 2025” သင်တန်းကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်း တင်ပြခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဆပ်ကော်မတီအလိုက် ဆွေးနွေး တင်ပြကြပြီး အစည်းအဝေးအား မွန်းလွဲ ၁၅:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Loading