
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) အထောက်အပံ့ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)က အကောင်အထည်ဖော် ဆောင်ရွက်သည့် Mekong-Lancang Cultural Activity 2024 in Myanmar “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ်(၂၀၂၄)-မြန်မာနိုင်ငံ”ကို ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလ(၂၂) ရက် နေ့မှ (၂၇) က်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၃-၂-၂၀၂၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံမှ ပန်းချီပညာရှင်များဖြစ်သည့် အကြံပေးပညာရှင်နှစ်ဦး၊ ပုဂံဒေသခံပန်းချီပညာရှင် ၄ ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဆရာ၊ ဆရာမ ၆ ဦးတို့သည် ဘုရားသုံးဆူ ဘုရားအနီးဝန်းကျင်တွင် outdoor ပန်းချီကားများ ရေးဆွဲကြပါသည်။ ပန်းချီပညာရှင်များ၏ ပန်းချီရေးဆွဲနေမှုများအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ သည် သွားရောက်အားပေးကြည့်ရှုခဲ့ပါသည်။

