
၁၉-၂-၂၀၂၅ ရက်နေ့ ၁၃:၅၀ နာရီတွင် ပိတ်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ရာ မဲခေါင်ဒေသတွင်းဖန်တီးမှုရုပ်ရှင်ပွဲတော်၊ မြန်မာနိုင်ငံ၏ စီမံကိန်းအကြံပေး ပညာရှင် ဒေါ်ဆွေဇင်ထိုက်က အမှတ်တရစကားပြောကြားခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ စီမံကိန်းဒါရိုက်တာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဂုဏ်ပြုစကားပြောကြားခြင်း၊ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ ဆုတံဆိပ်များ ပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ စီမံကိန်းအကြံပေးပညာရှင်များ၊ အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင် လူငယ် အနုပညာရှင်များအား ၁၈:၀၀ နာရီတွင် Western Park ၌ နှုတ်ဆက်ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။








