
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) အထောက်အပံ့ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)က အကောင်အထည်ဖော် ဆောင်ရွက်သည့် Mekong-Lancang Cultural Activity 2024 in Myanmar “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ်(၂၀၂၄)-မြန်မာနိုင်ငံ” ဖွင့်ပွဲ အခမ်းအနားကို ၂၄-၂-၂၀၂၅ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီမှ ၁၀:၀၀ နာရီအထိ ပုဂံမြို့ရှိ Royal Palace Hotel၊ ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ နံနက် ၁၀:၅၀ နာရီတွင် ရိုးရာပန်းချီအနုပညာဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ပန်းချီပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
စာတမ်းဖတ်ပွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက စီမံကိန်းနှင့်ပတ်သက်သည်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ (Chiang Mai) တို့မှ စာတမ်းရှင်များက စာတမ်းများဖတ်ကြားခြင်းနှင့် ထိုင်းနိုင်ငံ (Poh-Chang)နှင့် ဗီယက်နမ်နိုင်ငံမှ စာတမ်းရှင်(၂)ဦးက virtual စနစ်ဖြင့် စာတမ်းဖတ်ကြားခဲ့ပြီး မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက နိဂုံးချုပ် စကားပြောကြားပြီး စာတမ်းဖတ်ပွဲကို ၁၆း၁၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။








