
Mekong-Lancang Cultural Activity 2024 in Myanmar “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ်(၂၀၂၄)-မြန်မာနိုင်ငံ”၏ ဖွင့်ပွဲအခမ်းအနားကို ၂၄-၂-၂၀၂၅ ရက်နေ့၊ နံနက် ၉း၀၀ နာရီမှ ၁၀း၀၀ နာရီအထိ လည်းကောင်း၊ စာတမ်းဖတ်ပွဲကို နံနက် ၁၀း၅၀ နာရီမှ ၁၆း၁၀ နာရီအထိလည်းကောင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့ရှိ Royal Palace Hotel၊ ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၄-၂-၂၀၂၅ ရက်နေ့၊ ၁၈း၀၀ နာရီတွင် ညစာစားပွဲ (Welcome Dinner) ကို Bagan Thande Hotel ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် တာဝန်ရှိသူ များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ ဒေသဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ ပန်းချီပညာရှင်များ၊ မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များအစည်းအရုံးမှ ပန်းချီပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ဆရာ၊ ဆရာမများ၊ ပန်းချီပညာဌာနမှ ကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။








