“မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ်(၂၀၂၄)-မြန်မာနိုင်ငံ” “ပန်းချီအနုပညာပြပွဲဖွင့်ပွဲအခမ်းအနား” ကျင်းပခြင်း

Mekong-Lancang Cultural Activity 2024 in Myanmar “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ်(၂၀၂၄)-မြန်မာနိုင်ငံ” စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ပန်းချီအနုပညာပြပွဲဖွင့်ပွဲအခမ်းအနားကို ၂၅-၂-၂၀၂၅ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင်  ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          “ပန်းချီအနုပညာပြပွဲဖွင့်ပွဲအခမ်းအနား”တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်‌ကျော်မိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးတို့က ပန်းချီအနုပညာပြပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပန်းချီကားများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

ထို့နောက် ဧည့်သည်တော်များနှင့် မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ ပန်းချီပညာရှင်များသည် ပုဂံရှေးဟောင်းသုတေသနပြတိုက်အား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါသည်။

Loading