
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းများဖြစ်သော ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနများမှ Level I, Level II သင်တန်းများကို ၂၁-၁၁-၂၀၂၄ ရက်နေ့မှ ၂၁-၂-၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အနုပညာကွန်ပျူတာဒီပလိုမာသင်တန်း Level I ကို ၄-၁၂-၂၀၂၄ ရက်နေ့မှ ၂၆-၂-၂၀၂၅ ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ်အပ်နှင်း ချီးမြှင့်ပွဲကို ၂-၃-၂၀၂၅ ရက်နေ့၊ နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် သရဖီဆောင်၊ အနုပညာခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲတွင် Level I သင်တန်း၌ ဂီတပညာဌာနမှ (၃၆)ဦး၊ သဘင်ပညာဌာနမှ (၁၅)ဦး၊ ပန်းချီပညာဌာနမှ (၄၇)ဦး၊ ပန်းပုပညာဌာမှ (၅)ဦး၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ (၅)ဦး၊ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာနမှ (၁၀)ဦး၊ အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းမှ (၆၃) ဦး၊ Level II သင်တန်း၌ ဂီတပညာဌာနမှ (၉)ဦး၊ သဘင်ပညာဌာနမှ (၇)ဦး၊ ပန်းချီပညာဌာနမှ (၂၁)ဦး၊ စုစုပေါင်း (၂၁၈)ဦးတို့အားသင်တန်းဆင်းလက်မှတ်များချီးမြှင့်ခဲ့ပါသည်။








