“မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ်(၂၀၂၄)-မြန်မာနိုင်ငံ”သို့ တက်ရောက်သည့် ပန်းချီပညာရှင်များ ၂၆-၂-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ယဉ်ကျေးမှုလေ့လာရေး သွားရောက်ခြင်း

၂၆-၂-၂၀၂၅ ရက်နေ့တွင် နံနက် ၀၈:၀၀ နာရီမှ ၀၉:၀၀ နာရီအထိ Bagan Thande Hotel ၌ Mekong-Lancang Cultural Activity 2024 in Myanmar “မဲခေါင်-လန်ချန်းယဉ်ကျေးမှု အစီအစဉ်(၂၀၂၄)-မြန်မာနိုင်ငံ” စီမံကိန်း၏ ပန်းချီပညာရှင်များသည် စုပေါင်းပန်းချီရေးဆွဲခြင်းကို ဆောင်ရွက်ကြပါသည်။

ထို့နောက် ၀၉:၀၀ နာရီတွင် ယွန်းပညာကောလိပ်သို့ သွားရောက်လေ့လာကြရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ယွန်းပညာရပ်ဆိုင်ရာ ပြုလုပ်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက် ယွန်းထည်လုပ်ငန်းအလုပ်ရုံ (Bagan House) သို့ သွားရောက်လေ့လာခဲ့ကြပါသည်။

Loading