
၂၆-၂-၂၀၂၅ ရက်နေ၊ နေ့လယ် ၁၃:၀၀ နာရီတွင် Mekong-Lancang Cultural Activity 2024 in Myanmar “မဲခေါင်-လန်ချန်းယဉ်ကျေးမှု အစီအစဉ်(၂၀၂၄)-မြန်မာနိုင်ငံ” စီမံကိန်း၏ ပန်းချီပညာရှင်များနှင့် စီမံကိန်း အဖွဲ့ဝင်များသည် အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရားသို့ သွားရောက်ဖူးမြော်လေ့လာရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီး (ပုဂံဌာနခွဲ)မှ တာဝန်ရှိသူများက ရှင်းလင်းပြသရာ လေ့လာရေးအဖွဲ့ဝင်များသည် စိတ်ဝင်စားစွာ လေ့လာခဲ့ကြပါသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပန်းချီပညာရှင်များနှင့် စီမံကိန်းအဖွဲ့ဝင်များသည် ရွှေပြည်နန်း သနပ်ခါးပြတိုက်သို့ သွားရောက်လေ့လာကြရာ သနပ်ခါးပြတိုက်မှ တာဝန်ရှိသူများက သနပ်ခါးဆိုင်ရာ ခင်းကျင်း ပြသမှုများကို ရှင်းလင်းပြသပြီးနောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြတိုက်ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ သနပ်ခါးပြတိုက်မှ တာဝန်ရှိ သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ခဲ့ကြပါသည်။
ထို့နောက် ဗူးဘုရားသို့ သွားရောက်ဖူးမြော်လေ့လာခဲ့ကြပါသည်။








