
Mekong-Lancang Cultural Activity 2024 in Myanmar “မဲခေါင်-လန်ချန်း ယဉ်ကျေးမှုအစီအစဉ်(၂၀၂၄)-မြန်မာနိုင်ငံ”သို့ တက်ရောက်လာသည့် မဲခေါင်အဖွဲ့ဝင်နိုင်ငံ များမှ ပန်းချီပညာရှင်များအား အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)က တည်ခင်းဧည့်ခံသည့် နှုတ်ဆက်ညစာစားပွဲ (Farewell Dinner)ကို ၂၆-၂-၂၀၂၅ ရက်နေ့၊ ၁၈း၀၀ နာရီတွင် Bagan Thande Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
နှုတ်ဆက်ညစာစားပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ ပန်းချီပညာရှင်များ၊ မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များ အစည်းအရုံးမှ ပန်းချီပညာရှင်များ၊ ပုဂံမြို့ခံပန်းချီပညာရှင်များ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ပန်းချီပညာဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။ ညစာစားပွဲသို့ တက်ရောက်လာသည့် ပန်းချီ ပညာရှင်များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။








