
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ဦးသည် ဒုတိယ ဝန်ကြီးဒေါ်နုမြဇံနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၈.၃.၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်သွား ခဲ့သော ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများမှ အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်တို့တွင် ပြောင်းရွှေ့နေထိုင်ကြသော ဝန်ထမ်းမိသားစုများနှင့် ဝန်ထမ်း အိမ်ရာများဖြစ်သော တိုက်အမှတ် ၅၃၂၇၊ ၅၃၂၈၊ ၅၃၂၉၊ ၅၃၃၀ တို့၌ နေထိုင်ကြသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အားပေးနှစ်သိမ့်၍ ဝန်ထမ်း ၁ ဦး လျင် ငွေကျပ် ၁ သိန်း၊ စားသုံးဆီ ၁ ပိဿာနှင့် ဆန် ၆ ပြည်တို့ကို ပေးအပ်ထောက်ပံ့ကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ထို့အပြင် ဝန်ထမ်းများနှင့် မိသားစုများ နေထိုင်ရေးနှင့် သုံးရေလိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။