၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် ရစ်ချ်စတာစကေး ၇.၇ ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့်ရှေးဟောင်း အဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ရပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် ရစ်ချ်စတာစကေး ၇.၇ ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်း/မင်းကွန်ဒေသများရှိ ရှေးဟောင်း အဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ရပါသည်။
ထိုသို့ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှ လုပ်ငန်းများကိုအဆင့်အလိုက် စနစ်တကျဆောင်ရွက်လျက် ရှိပါသည်။ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များချမှတ်ပြီး လတ်တလော ပျက်စီးမှုစာရင်းကောက်ယူခြင်း၊ ဓာတ်ပုံ/ဗွီဒီယိုမှတ်တမ်းများရိုက်ကူးခြင်း၊ အတွင်းနံရံဆေးရေးပန်းချီများ ထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ အရေးပေါ်ထိန်းသိမ်းရန်လိုအပ်ပါက ထိန်းသိမ်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ခန့်မှန်းခြေစာရင်းနှင့်အစီရင်ခံစာရေးသားခြင်း၊ Conserve / Restore/ Rebuild ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို သက်ဆိုင်ရာ နယ်မြေများအလိုက် အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါ‌ကြောင်းနှင့် ၃၀.၃.၂၀၂၅ ရက်နေ့တွင်လည်း ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သောအဖွဲ့က မန္တလေး နန်းမြိုးရိုးနှင့် မြို့ရိုးအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများ ထိခိုက်ပျက်စီးမှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Loading