
အင်းဝဒေသအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အဖွဲ့များဖွဲ့စည်း၍ Assessment ကောက်ယူခြင်း၊ Site Cleaning ပြုလုပ်ခြင်း၊ အမိုးအကာများပြုလုပ်ခြင်းနှင့် အရေးပေါ်ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
Site Cleaning လုပ်ငန်းများ ဆောင်ရွက်ရာတွင်
ဆရာတော် ဦးပညာသာရ(YRO) ဦးစီးသော
“ရှေးဟောင်းဘုရားများ သန့်ရှင်းရေးအဖွဲ့(ရန်ကုန်)”က
စန္ဒာမုနိဘုရားနှင့် သစ္စာတိုက်ဘုရားတို့အား သန့်ရှင်းရေး လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ဆရာတော် ဦးပညာသာရ ဦးဆောင်သောအဖွဲ့သည်
ယခင် ၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံဒေသအတွင်းမှ ဘုရားများ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင်လည်း ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ဖူးသောအဖွဲ့အစည်းဖြစ်ပါသည်။