
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် ရှေးဟောင်းဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း၊ အပ်နှံခြင်းအတွက် အသိပညာပေးဆောင်းပါးကို အများပြည်သူများ သိရှိစေရန် နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင်း၊ လက်ကိုင်ဖုန်းများမှ တဆင့် ပြည်သူများထံသို့ Short Message ဖြင့်လည်းကောင်း၊ Awareness ပြုလုပ်ခြင်းဖြင့် လည်းကောင်း အသိပေးလျက်ရှိပါသည်။ ထိုသို့ အသိပညာပေးခြင်းများပြုလုပ်ခြင်းဖြင့် အများပြည်သူများသိရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသာပြတိုက်ဦးစီးဌာနသို့ ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက် အပ်နှံလျက်ရှိပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံခြင်းအတွက် ဂုဏ်ပြုအခမ်းအနားကို ၃၀-၄-၂၀၂၅ ယနေ့ မွန်းလွဲ(၃:၀၀)နာရီ အချိန်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြိုင်၏ ရုံးခန်းအတွင်း၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနား သို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြတိုက်)များ နှင့် ဌာနအရာထမ်း/ အမှုထမ်းများ၊ ရှေးဟောင်းဝတ္ထုပစ္စည်း လှူဒါန်းသူ၊ အပ်နှံသူများ စုစုပေါင်း (၁၅)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနား၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်(ပြတိုက်များ)နှင့် ဌာနမှအရာထမ်း/ အမှုထမ်းများက ရှေးဟောင်းဝတ္ထုစ္စည်း အပ်နှံသူများအား ရှေးဟောင်းဝတ္ထုပစ္စည်းများ မည်သို့စုဆောင်းရရှိပုံနှင့် တွေ့ရှိရာနေရာဒေသတို့ကို မေးမြန်းစုံးစမ်း ခဲ့ပါသည်။ ၎င်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က မိမိတို့ဌာနအနေဖြင့် ငလျင်လှုပ်ခတ်အပြီး သင်္ကြန်ကာလ နောက်ပိုင်းမှစ၍ ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် ရှေးဟောင်း ဝတ္ထုပစ္စည်းများ ထပ်မံအပ်နှံရန်ကျန်ရှိပါက လာရောက်အပ်နှံ၍ရပါကြောင်း၊ နိုင်ငံတော်မှလည်း ထိုက်သင့်သည့်ဆုကြေးငွေများ ပေးအပ်လျက်ကြောင်းကို မိမိပတ်ဝန်းကျင်မှ ပြည်သူများထံသို့ တဆင့်စကား ပါးစေလိုပါကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်(ပြတိုက်များ)က နေပြည်တော် ပျဉ်းမနားမြို့နေ ဦးတင့်လွင်မှ ဘိုးဘွားအစဉ်အဆက် စုဆောင်းထိန်းသိမ်းထားသော ကုန်းဘောင်ခေတ် ဟင်္သာရုပ်ပုံကြေးအုပ်(၁)ခု၊ တိုးနယားအလေး (၁)ခုနှင့် ဟံသာဝတီခေတ် ဟင်္သာအလေး(၂)ခု စုစုပေါင်းအရေအတွက်(၄)ခုတို့ကို လာရောက် အပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုကြေးငွေ ကျပ် ၃၆၆၀၀ဝိ/- (ကျပ် သုံးသိန်း ခြောက်သောင်း ခြောက်ထောင်တိတိ)ကို လည်းကောင်း၊ နေပြည်တော် ပျဉ်းမနားမြို့နေ ဦးမြင့်သိန်းမှ ဝါသနာအရစုဆောင်း ထိန်းသိမ်းထားသော ကြေးခေတ်၊ သံခေတ်၊ ပျူခေတ် မြေထည်ပစ္စည်း(၄၃)ခု၊
၂
ကြေးထည်ပစ္စည်း (၂၈)ခု၊ ပုတီးကုံး(၂)ခု၊ သတ္တုလက်ကောက်(အကျိုး)၃၂ ခုပါ(၁)ထုပ်၊ ပုတီးစေ့ ၇၃ စေ့ပါ(၁)ထုပ် စုစုပေါင်းအရေအတွက် (၆၆)ခုတို့ကို လာရောက်အပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုကြေးငွေကျပ် ၁၄၅၆၈၀ဝိ/- (ကျပ် တစ်ဆယ့် လေးသိန်း ငါးသောင်း ခြောက်ထောင် ရှစ်ရာတိတိ)ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က နေပြည်တော် ပျဉ်းအနား မြို့နေ ဦးဝင်းကိုကိုမှ ဝါသနာအရ စုဆောင်းထိန်းသိမ်းထားသော ဟံသာဝတီခေတ် ကြေးဟင်္သာ အလေး(၄)ခု၊ ပျူခေတ် ကြေးလက်စွပ်(၆)ကွင်း စုစုပေါင်းအရေအတွက်(၁၀)ခုတို့ကို လာရောက် အပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုကြေးငွေကျပ် ၂၇၃၀၀ဝိ/- (ကျပ် နှစ်သိန်း ခုနစ်သောင်း သုံးထောင်တိတိ)ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို မွန်းလွဲ (၄:၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။