
၂၀၂၅ ခုနှစ် ဇွန်လ ၁၇
(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါ၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ကို
၁၇-၆-၂၀၂၅ ရက်နေ့မှ ၁၈-၇-၂၀၂၅ ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။ ဇူလိုင်လ (၁၉) ရက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ကို ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက် လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ် ပါသည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန