မဲခေါင်-ကိုရီးယား ဒေသတွင်း စီမံကိန်းစောင့်ကြည့်အကဲဖြတ်ခြင်းဆိုင်ရာ အစီအစဉ် (Modular Training on Regional Monitoring and Evaluation program) သို့ တက်ရောက်ခြင်း

ထိုင်းနိုင်ငံ၊ ခွန်ခမ်းမြို့၌ ၂၀၂၅ ခုနှစ် ဇွန်လ (၉) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပသည့် မဲခေါင်-ကိုရီးယား ဒေသတွင်းစီမံကိန်းစောင့်ကြည့်အကဲဖြတ်ခြင်းဆိုင်ရာ အစီအစဉ် (Modular Training on Regional Monitoring and Evaluation program) သို့ တက်ရောက်ရန်အတွက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် (၆) ဦးအဖွဲ့သည် (၈.၆.၂၀၂၅) ရက်နေ့ နံနက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ခွန်ခမ်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ခဲ့ကြပါသည်။

အဆိုပါ မဲခေါင်-ကိုရီးယား ဒေသတွင်းစီမံကိန်းစောင့်ကြည့်အကဲဖြတ်ခြင်းဆိုင်ရာ အစီအစဉ် (Modular Training on Regional Monitoring and Evaluation program) သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရန်ကုန် နည်းပညာတက္ကသိုလ် မှ ပါမောက္ခ ဒေါက်တာဇင်မာလာတင့်စမ်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအင်ကြင်းခိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ လက်ထောက်ကထိက ဦးထက်အောင်ကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်မေဖြိုးဝေနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းမှ သရုပ်ပြ ဦးဇင်သက်ဟိန်း စသည့် ကိုယ်စားလှယ် (၆) ဦး တက်ရောက်ခဲ့ကြပါသည်။ မဲခေါင်-ကိုရီးယား ဒေသတွင်း စီမံကိန်းစောင့်ကြည့် အကဲဖြတ်ခြင်းဆိုင်ရာ အစီအစဉ် (Modular Training on Regional Monitoring and Evaluation program) တွင် မဲခေါင်- ကိုရီးယားရန်ပုံငွေအစီအစဉ်ဖြင့် စီမံကိန်းရရှိသည့် စီမံကိန်းအဖွဲ့ဝင်များကို သက်ဆိုင်ရာ ကဏ္ဍများခွဲပြီး စီမံကိန်းအပေါ် စောင့်ကြည့် အကဲဖြတ်ခြင်းနှင့် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များကိုဆွေးနွေးခြင်းများ  ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ခန်းစာများကို လက်တွေ့ သင်ကြားလုပ်ဆောင်ခြင်းများလည်း ဆောင်ရွက်ခဲ့ပါသည်။

၁၃-၆-၂၀၂၅ ရက်နေ့  နံနက်ပိုင်းတွင် သင်တန်းအပေါ် သုံးသပ်မှုများကို ဆောင်ရွက်ပါသည်။ ဆက်လက်၍ စီမံကိန်းများ၏လုပ်ဆောင်မည့်အစီအစဉ် များအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခြင်းနှင့် စီမံကိန်းများ၏လုပ်ဆောင်မည့် အစီအစဉ်များ အတွက် တင်ပြခြင်း (Presentation of Action Plans) ကိုလုပ်ဆောင်ပြီး စီမံကိန်းများ ကိုအပြန်အလှန်သုံးသပ်ခြင်းများဆောင်ရွက်ပါသည်။ 

မွန်းလွဲပိုင်းတွင် ကျင်းပသည့် သင်တန်းဆင်းပွဲအခမ်းအနားတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းအပေါ် စောင့်ကြည့်အကဲဖြတ်ခြင်း၊ နိုင်ငံအလိုက် ကိုယ်စားပြုသင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် သင်တန်းဆင်း လက်မှတ်ပေးအပ်ပြီး  အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။  မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၁၄-၆-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့်  ပြန်လည်ရောက်ရှိခဲ့ပါသည်။

Loading