တရုတ် – မြန်မာ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်ဂုဏ်ပြုခြင်းအထိမ်းအမှတ်နှင့် လူငယ်ပဒေသာအနုပညာဖျော်ဖြေရေးပွဲတော်သို့သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံတက်ရောက်အားပေး

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့  ဇွန်လ (၂၉) ရက်နေ့တွင် အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပပြုလုပ်သော တရုတ် – မြန်မာ သံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက် ဂုဏ်ပြုခြင်းအထိမ်းအမှတ် နှင့် လူငယ်ပဒေသာ အနုပညာဖျော်ဖြေရေးပွဲသို့ တက်ရောက်အားပေးခဲ့သည်။  အခမ်းအနားသို့ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊  အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန၊  ပညာရေးဝန်ကြီးဌာန၊  ရန်ကုန် – တရုတ်ယဉ်ကျေးမှုစင်တာ၊  အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအသင်းနှင့် ပညာရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။ 

ပထမဦးစွာ LEHUA INTERNATIONAL EDUCATION CENTER မှ ELECTRIC DRAM တီးခတ်၍ Remix တရုတ်သီချင်းဖြင့်လည်းကောင်း ၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)မှ စံတော်ချိန်နှစ်ပါးသွား အကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Ms. Cao Jing က နှုတ်ခွန်းဆက်အမှာစကား ပြောကြား သည်။ 

ဆက်လက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)  ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာမှာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အလွန်ရှည်လျားသော သမိုင်းအခြေခံရှိသည့် အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံဖြစ်ပါကြောင်း ၊ သမိုင်း ကြောင်းတွင်ပါဝင်ခဲ့သည့် အရင်းအမြစ်များဖြစ်သည့် စီးပွားရေး၊ ယဉ်ကျေးမှု၊ သာသနာရေး ဆိုင်ရာဆက်သွယ်မှုများ၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ သံတမန်ဆက်ဆံရေးများကြောင့် တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုခိုင်မာလာခဲ့ကြပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်ပြီး တစ်ဆင့် ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်ခဲ့ကြပါကြောင်း ၊ ယနေ့ကျင်းပပြုလုပ်သည့် အထိမ်းအမှတ်ပွဲသည် သမိုင်းရင်းမြစ်များကို သတိရစေသည့်အပြင် အနာဂတ်ကာလ၌ ပိုမို ကောင်းမွန်သည့်ဆက်ဆံရေးများ တိုးတက်လာစေရန်အတွက် အခြေခံအုတ်မြစ်ကောင်း တစ်ခုဖြစ်ပါ ကြောင်း၊ မြန်မာ့သမိုင်းတစ်လျှောက်တွင်တရုတ်နိုင်ငံအနေဖြင့် မိတ်ဖက်အဖြစ် ထောက်ခံမှု များပြုလုပ်ပေးခဲ့ပြီး စီးပွားရေး၊ နည်းပညာ၊ ယဉ်ကျေးမှု၊ လူငယ်ချင်းဖလှယ်မှု အစရှိသည့် ကဏ္ဍများတွင် ဦးဆောင်ပူးပေါင်းမှုများ ပြုခဲ့ပါကြောင်း၊ယဉ်ကျေးမှုကဏ္ဍတွင်လည်း နှစ်နိုင်ငံ၏ သဘောတူညီချက်အရ တရုတ်မြန်မာယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်များ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အနုပညာဖျော်ဖြေပွဲများနှင့် လူငယ်ဖလှယ်ရေး အစီအစဉ်များသည်နှစ်နိုင်ငံတွင် ရှိကြသည့် နိုင်ငံသားအချင်းချင်း နားလည်မှုကို တိုးမြင့်စေခဲ့ပါ ကြောင်း၊ ယခု တင်ဆက်ပြသမည့်ပဒေသာကပွဲသည်လည်း ထိုအရာများကို သက်သေအဖြစ် ဖော်ပြနေသည့် ကောင်းမွန်သည့်  အထောက်အထားတစ်ခု ဖြစ်မည်ဆိုသည်ကို ယုံကြည်ပါ ကြောင်း၊ ယဉ်ကျေးမှုဆိုသည်မှာ တစ်နိုင်ငံလုံး၏စိတ်ဝိညာဉ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယဉ်ကျေးမှုဖလှယ်ခြင်းအားဖြင့် တစ်နိုင်ငံ၏ သဘောထားအမြင်နှင့်အမျိုးသားရေးစရိုက် လက္ခဏာတွေကို တစ်နိုင်ငံကပိုမိုသိရှိနားလည်လာပြီး ယုံကြည်မှုကို တည်ဆောက်ပေး နိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ တရားဝင် မိတ်ဖက်အဖြစ်ရော၊ အိမ်နီးချင်းကောင်း အနေဖြင့်ပါ တည်ရှိနေသည့်တရုတ်နိုင်ငံနှင့်ယခု ၇၅ နှစ်ပြည့်သည်အထိ မေတ္တာတရားနှင့် ယုံကြည်မှုအပေါ် တည်ဆောက်ထားသည့်ဆက်ဆံရေးကို ဆက်လက်တည်မြဲအောင် မြှင့်တင်နိုင်ရန်အတွက် လူမှုရေး၊ ယဉ်ကျေးမှုနှင့် လူငယ်ရေးရာ ကဏ္ဍများတွင် အလေးအနက်ထားပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း ၊ ဒါ့အပြင် နောင်လာမည့် ရာစုနှစ်များစွာအထိ ချစ်ကြည်ရေးသက်တမ်းကို တိုးမြှင့်နိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ချစ်ကြည် ရင်းနှီးစွာအတူယှဉ်တွဲနေထိုင်ပြီး ယဉ်ကျေးမှု၊ ပညာရေး၊ သတင်းအချက်အလက်နှင့် လူမှုဖလှယ် ရေးတို့တွင် ပိုမိုကျယ်ပြန့်သော နည်းလမ်းအသစ်များနှင့်လက်တွဲ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး တရုတ် – မြန်မာ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်ဂုဏ်ပြုခြင်း အထိမ်းအမှတ်နှင့် လူငယ်ပဒေသာအနုပညာဖျော်ဖြေပွဲတွင် အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ Brain Works-Total School, Bowen School, Eastern Language and Business Centre (ELBC),Golden Education Sharing Centre (GESC), Lehua International Education Center, Myanmar International Education Center (MIEC) တို့မှ ကျောင်းသား ကျောင်းသူလေးများက ယဥ်ကျေးမှူအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြ သည်။

ယခုဖျော်ဖြေပွဲကို GESC တရုတ်စာသင်တန်းကျောင်း၊ ရန်ကုန် –  တရုတ် ယဉ်ကျေးမှု စင်တာ မြန်မာနိုင်ငံယူနန်တရုတ် ကုန်သည်ကြီးများအသင်း ၊ မြန်မာနိုင်ငံ ရှန်းတုန်းကုန်သည်ကြီး များအသင်းတို့က ပံ့ပိုးကူညီပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Loading