အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်းများဖွင့်လှစ်မည်

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် အချိန်ပိုင်းအနုပညာဒီပလိုမာသင်တန်း (ဂီတ၊ သဘင်၊ ပန်းချီ ပန်းပု၊ ယဉ်ကျေးမှုအမွေ အနှစ်စီမံခန့်ခွဲမှု)များကို ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့်လျှောက်လွှာပုံစံများကို သင်တန်းရေးရာဌာနတွင်  ၃၀-၆-၂၀၂၅ ရက်၊(တနင်္လာနေ့)မှ ၁၀-၇-၂၀၂၇ ရက်၊(ကြာသပတေးနေ့)အထိ ရုံးချိန်အတွင်း ရယူ လျှောက်ထားနိုင်ပါသည်။

၁၁-၇-၂၀၂၅ ရက် (သောကြာနေ့)၊ နံနက် (၁ဝး၀၀)နာရီတွင် စွယ်တော်ဆောင်၌ ဝင်ခွင့်လူတွေ့ စစ်‌ဆေးမည်ဖြစ်ပြီး ၁၃-၇-၂၀၂၅ ရက်၊(တနင်္ဂနွေနေ့)တွင် ဝင်ခွင့်အောင်မြင်သူများစာရင်း ထုတ်ပြန် မည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သင်တန်းရေးရာဌာနသို့ ရုံးချိန်အတွင်း ၀၉-၄၂၁၀၁၂၈၀၈၊ ၀၉၇၈၈၁၈၉၁၈၀၊ ၀၉၂၅၀၀၈၈၂၆၈ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Loading