| ၁။ | အနုပညာဦးစီးဌာနမှ လစဉ်လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ ၆ လပတ် အစီရင်ခံစာ များကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပေးပို့ခြင်း၊ |
| ၂။ | မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ အစည်းအဝေးကို နှစ်စဉ် သတ်မှတ်ပေးသော ရက်များ တွင် ၁၀ ရက် ကျင်းပခြင်း၊ |
| ၃။ | မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို တာဝန်ယူ ဆောင်ရွက်ခြင်း၊ |
| ၄။ | ဦးစီးဌာနမှ ဝန်ထမ်းများ နိုင်ငံခြားသို့ ပညာတော်သင်များ သွားရောက်ခြင်းကို စီမံကွပ်ကဲခြင်း၊ |
| ၅။ | ယဉ်ကျေးမှုအကဖွဲ့များ နိုင်ငံခြားသို့ သွားရောက်ဖျော်ဖြေခြင်းကို စီမံကွပ်ကဲခြင်း၊ |
| ၆။ | နိုင်ငံခြားမှ ယဉ်ကျေးမှုအကဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေခြင်းကို စီမံကွပ်ကဲခြင်း၊ |
| ၇။ | နိုင်ငံခြားဧည့်သည်တော်များအား ဖျော်ဖြေခြင်းကို စီမံကွပ်ကဲခြင်း၊ |
| ၈။ | နယ်လှည့်ဖျော်ဖြေခြင်းကို စီမံကွပ်ကဲခြင်း၊ |
| ၉။ | အမျိုးသားဇာတ်ရုံ(ရန်ကုန်၊ မန္တလေး) ငှားရမ်းခြင်း၊ |
| ၁၀။ | နိုင်ငံတော်နှင့်အစိုးရ ညွှန်ကြားထားသော အမိန့်နှင့်ညွှန်ကြားချက်များ၊ ဿသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အခြားဌာနများမှ အခါအားလျော်စွာ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို ဌာနခွဲများသို့ ထပ်ဆင့် ညွှန်ကြားချက်များ ပေးပို့ခြင်း၊ |
| ၁၁။ | အနုပညာဦးစီးဌာန၏ ဝန်ထမ်းခန့်အပ်ခြင်း၊ ရာထူးတိုး၊ နုတ်ထွက်၊ အငြိမ်းစားယူခြင်း များစသည့် ဝန်ထမ်းရေးရာကိစ္စများကို ဆောင်ရွက်ခြင်း၊ |
| ၁၂။ | အနုပညာဦးစီးဌာန၊ စီမံရေးရာဌာနခွဲသည် လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ ထုတ်လုပ် ဌာနခွဲနှင့် ဇာတ်ရုံဌာနခွဲတို့နှင့်လည်းကောင်း၊ အထက်ဝန်ကြီးဌာန၊ အခြားသောဝန်ကြီး ဌာနများနှင့်လည်းကောင်း ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဖျော်ဖြေတင်ဆက်ခြင်းများ၊ အမျိုးသားဇာတ်ရုံငှားရမ်းခြင်းလုပ်ငန်းများ၊ ပြည်ပတွင် သွားရောက်ဖျော်ဖြေ တင်ဆက်ခြင်း လုပ်ငန်းများ အစရှိသည်တို့ကို ချိတ်ဆက်ဆောင်ရွက်ခြင်း။ |
![]()