မြန်မာသမိုင်းအဖွဲ့ဝင်များသည် ခေတ်အပိုင်းအခြားအလိုက် မြန်မာ သမိုင်းကို ရေးသားပြုစုခြင်း၊ သုတေသနစာတမ်းများ ရေးသားဖတ်ကြား ခြင်း၊ ကျမ်းစာအုပ်များ ရေးသားခြင်း၊ သမိုင်းပညာရှင်များ၊ ပေါ်ထွန်းရေး အတွက် လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ အခြားဝန်ကြီးဌာနတို့မှ တောင်းခံ သော အကြံဉာဏ်များ ပေးခြင်း၊ သင်တန်းများ ပို့ချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
သင်ခန်းစာ ပို့ချချက်များ
ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာသမိုင်းအဖွဲ့ဝင်များသည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၌ ဖွင့်လှစ်သည့် သင်တန်းများ သို့ ကာကွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ အခါအား လျော်စွာ သင်ခန်းစာများ သွားရောက်ပို့ချခြင်းနှင့် ဌာနတွင်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန် အခါအားလျော်စွာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
စာတမ်းဖတ်ပွဲများ ကျင်းပမှု
မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၏ သမိုင်းဘာသာရပ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများနှင့် စာတမ်းဖတ်ပွဲကျင်းပခဲ့မှုများ
သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနနှင့် ဆက်စပ်ဌာနများရှိ အရာထမ်း၊ အမှုထမ်း များ၏ Capacity Building မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၏ သမိုင်းဘာသာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို မူဝါဒအရ လစဉ် ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၁၈ခုနှစ်အတွင်း ဖတ်ကြားပြီးခဲ့သော စာတမ်းများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-
|
စဉ် |
ရက်စွဲ |
အမည် |
စာတမ်းအမည် |
| ၁။ | ၃၀-၁-၂၀၁၈ | ဦးစိန်မြင့် |
၁၁-၁၃ရာစု လူ့အရင်းအမြစ်ဖြင့် မြန်မာစာပေ တည်ဆောက်ခြင်း |
| ၂။ | ၂၈-၂-၂၀၁၈ | ဒေါက်တာကျော်ဝင်း |
ကာနယ်စလေဒင်နှင့် ရတနာပုံခေတ် နိုင်ငံရေး |
| ၃။ | ၃၀-၃-၂၀၁၈ | ဦးကျော်ငြိမ်း |
ဖဆပလခေတ် ဖြစ်ပျက်သမျှ |
| ၄။ | ၂၉-၅-၂၀၁၈ | ဒေါက်တာခင်လှဟန် |
China- Myanmar Wars of (1765-1769) Revisited from Myanmar Perspective |
| ၅။ | ၂၈-၆-၂၀၁၈ | ဦးမြဟန် |
စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ရင်ဆိုင်ဖြေရှင်းခဲ့ရသော ပြဿနာများ |
| ၆။ | ၃၁-၇-၂၀၁၈ | ဦးသန်းဆွေ |
၁၂၆၆ ခုနှစ် (အေဒီ-၁၉၀၅) အထိ သက်ရှိထင်ရှားရှိသေးသည့် အိမ်ရှေ့စံ ကနောင်မင်း၏ သမီးတော်များ စာတမ်း |
| ၇။ | ၃၀-၁၀-၂၀၁၈ | ဒေါက်တာတိုးလှ |
ဆင်းကွတ်မှတ်တမ်းများကပြောသောသမိုင်း |
| ၈။ | ၂၉-၁၁-၂၀၁၈ | ဦးကျော် |
မြန်မာ-ဂျပန်တို့၏ ဒုတိယကမ္ဘာစစ် မတိုင်မီ ဆက်ဆံရေး |
စာတမ်းဖတ်ပွဲကျင်းပမှုမှတ်တမ်းဓါတ်ပုံများ






မြန်မာသမိုင်းအဖွဲ့ပညာရှင်ကြီးများ၏ သမိုင်းဘာသာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ ကျင်းပမှုမှတ်တမ်းဓာတ်ပုံများ
မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၏ သမိုင်းဘာသာရပ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများနှင့် စာတမ်းဖတ်ပွဲကျင်းပခဲ့မှုများ
သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနနှင့် ဆက်စပ်ဌာနများရှိ အရာထမ်း၊ အမှုထမ်း များ၏ Capacity Building မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၏ သမိုင်းဘာသာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို မူဝါဒအရ လစဉ် ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း ဖတ်ကြားပြီးခဲ့သော စာတမ်းများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-
| စဉ် | ရက်စွဲ | အမည် | စာတမ်းအမည် |
| ၁။ | ၃၀-၁-၂၀၁၉ | ဦးနီတွတ် | သခင်ရာစသူဖွားစဝ်ကျောက်စာ (၁၂၆၄-၁၂၉၁) |
| ၂။ | ၂၅-၃-၂၀၁၉ | ဦးကျော်စိုး | မင်းတုန်းမင်းလက်ထက် ယာသစ်တီအမိန့် |
| ၃။ | ၂၉-၄-၂၀၁၉ | ဒေါက်တာတိုးလှ | ကျောက်ခေတ်သစ် လူတို့ကိုးကွယ် ယုံကြည်မှု သမိုင်း |
| ၄။ | ၂၇-၆-၂၀၁၉ | ဒေါက်တာတိုးလှ | ဗဒုံမင်းနှင့် ဗုဒ္ဓသာသနာတော် |
| ၅။ | ၂၉-၇-၂၀၁၉ | ဦးတင်ခြုံ | ကုန်းဘောင်ခေတ် မြန်မာမင်းတို့၏ မြို့နန်းတည်ခြင်း လောကီလောကုတ္တရာထုံးများ |
| ၆။ | ၂၆-၈-၂၀၁၉ | ဒေါ်အုန်းကြည် | မင်းတုန်းမင်းနှင့် သီပေါမင်းတို့လက်ထက် ကရင်နီအရေး (၁၈၅၃-၁၈၈၅) |
| ၇။ | ၂၉-၁၀-၂၀၁၉ | ဦးကျော်စိုး | မင်းမြေသာသနာ့မြေ |
| ၈။ | ၂၉-၁၁-၂၀၁၉ | ဦးကျော် | ဖိုဝင်တောင်က သမိုင်းမှတ်တမ်းများ |
| ၉။ | ၂၃-၁၂-၂၀၁၉ | ဦးကျော်ငြိမ်း | မြန်မာ့လွတ်လပ်ရေး ကျိုးပမ်းမှု နောက်ဆုံးအဆင့် (၁၉၄၅-၄၈) |
စာတမ်းဖတ်ပွဲကျင်းပမှုမှတ်တမ်းဓါတ်ပုံများ













အစည်းအဝေးများ ကျင်းပမှု
မြန်မာသမိုင်းအဖွဲ့လပတ်အစည်းအဝေးကျင်းပခဲ့မှုများ
မြန်မာသမိုင်းအဖွဲ့လပတ်အစည်းအဝေးကျင်းပခဲ့မှုများ
မြန်မာသမိုင်းအဖွဲ့လပတ်အစည်းအဝေးများကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှစ၍ မြန်မာသမိုင်းအဖွဲ့ ၊ ဥက္ကဌ/ ဒုတိယဥက္ကဌများ ဦးစီးကာ လစဉ်ပုံမှန် ကျင်းပပြုလုပ်လျက် ရှိပါသည်။


မြန်မာသမိုင်းအဖွဲ့အစည်းအဝေးကျင်းပမှု မှတ်တမ်းဓါတ်ပုံများ
![]()