“ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း (Staff Capacity Building on English Proficiency Pilot Course)”ဖွင့်ပွဲကျင်းပ၁.၃.၂၀၂၃နေပြည်တော်                                                                           

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) တွင် ၂၀၂၃ ခုနှစ်၊ မတ်လဆန်းမှ စတင်၍ ရက်သတ္တပတ် (၆) ပတ်ကြာ ဖွင့်လှစ်မည့် ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း (Staff Capacity Building on English Proficiency Pilot Course)”ဖွင့်ပွဲအား (၁.၃.၂၀၂၃) ရက်နေ့ နံနက် ၀၉:၃ဝ နာရီတွင် ကျင်းပခဲ့ပါသည်။

           သင်တန်းဖွင့်ပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊   ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသည့် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းပို့ချမည့် ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူ များနှင့် အရာထမ်း/အမှုထမ်း များ ပါဝင်တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့လူမှု – ယဉ်ကျေးမှုမျက်နှာစာမှာ အရေးပါသော အခန်းကဏ္ဍမှပါဝင်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်ရန် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သော ဝန်ထမ်းအင်အားရှိဖို့ အရေးကြီးသကဲ့သို့ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရန်လည်း အလွန်အရေးကြီး ပါကြောင်း၊ ဘာသာပြန်၍ ပြန်ပြောင်းပြောဆိုခြင်း၊ ပညာရပ်ပိုင်းဆိုင်ရာ အရေးစွမ်းရည်၊ မှတ်စုမှတ်သားခြင်းစတဲ့ကဏ္ဍများမှာ ဘက်စုံကျွမ်းကျင်ထူးချွန်ပြီး အနာဂတ်လမ်းကြောင်းကို မောင်းနှင်နိုင်မည့် အရည်အသွေးပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ အင်္ဂလိပ်ဘာသာစကားမှာ နိုင်ငံများအကြား ကွာဟချက်ကို ပေါင်းကူးပေးနိုင်ပြီး နိုင်ငံတကာနှင့်ထိတွေ့မှု အခွင့်အလမ်းပေးနိုင်၍ လူတစ်ဦး ချင်းစီအတွက် နိုင်ငံတကာ မျက်နှာစာသို့ ရောက်ရှိနိုင်စေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ထိုသို့ စွမ်းဆောင်ရည် မြင့်မားတိုးတက်ပြီး နိုင်ငံ့အကျိုးသယ်ပိုးနိုင်တဲ့ ဝန်ထမ်းကောင်းများ ထွက်ပေါ် လာစေနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ပေးတဲ့ သင်တန်းမှာ သင်တန်းသူ/ သင်တန်းသား မောင်တို့/ မယ်တို့ကလည်း စိတ်ဝင်စားမှုအပြည့်နှင့် မိမိနိုင်ငံ၊ မိမိဝန်ကြီးဌာန၊ မိမိဦးစီးဌာနတို့အတွက် ကြိုးစားသင်ယူကြဖို့ တိုက်တွန်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.