သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ​ဒေါ်နုမြဇံနှင့်သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမြန်မာသမိုင်းအဖွဲ့၊ ပညာရှင်ဆရာကြီးများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့်သမိုင်းသုတေသနဌာန(ရန်ကုန်)ရုံးအား ကြည့်ရှုစစ်ဆေးခြင်း

မြန်မာသမိုင်းအဖွဲ့၊ ပညာရှင်ဆရာကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၄)ရက်၊ အင်္ဂါနေ့၊ နေ့လယ် (၃:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ သီရိမင်္ဂလာရိပ်သာ လမ်းသွယ်ရှိ သမိုင်းသုတေသနဌာန (ရန်ကုန်)၊ ပညာဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်နုမြဇံ နှင့် မြန်မာသမိုင်းအဖွဲ့ ပညာရှင်ဆရာကြီးများ၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွန်ကြားရေးမှူးများနှင့် တာဝန်ရှိသူဝန်ထမ်းများ တက်ရောက်ကြပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်နုမြဇံက ပြည်ထောင်စုဝန်ကြီးမှ ပညာရှင်ဆရာကြီးများနှင့် လာရောက်တွေ့ဆုံရန်ရှိပါကြောင်း၊ မေလ (၃) ရက်နေ့ ဗုဒ္ဓနေ့ အခမ်းအနား ကျင်းပရန်ရှိသည့်အတွက် ပြည်ထောင်စုဝန်ကြီးအနေဖြင့် လုပ်ငန်းတာဝန်များပြားနေပါ၍ ဒုတိယဝန်ကြီး အနေဖြင့် ဆရာကြီးများနှင့် ကြိုတင်လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်းနှင့် ဆရာကြီးများ ရှေ့လုပ်ငန်းစဉ် ဆောင်ရွက်လိုသည်တို့ကို သိရှိလိုပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် ဆရာကြီးများက ၎င်းတို့ပြုစုရေးသားသော စာအုပ်များ၏ အခြေအနေနှင့် လိုအပ် သည်များကို ရှင်းလင်းခြင်း၊ မျိုးဆက်သစ်များအတွက် မြန်မာသမိုင်းအဖွဲ့၊ ပညာရှင်များနှင့် ဌာနမှ ပညာရှင်များ ပူးပေါင်း၍ သုတေသနနည်းပညာ (Research Methotology) သင်တန်း၏ Short Term Course ကို ပို့ချရန်အတွက် စီမံချက်ရေးဆွဲမှုအား ဆွေးနွေးခြင်း၊ နိုင်ငံရပ်ခြားတိုင်းပြည်များမှ သမိုင်း သုတေသန၏ စာကြည့်တိုက်နှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တို့၌ Book Exchange အစီအစဉ် ဆောင်ရွက်ရာ၌ အဆင်ပြေစေရန် Diplomatic Channel ဖြင့် ဆောင်ရွက်၍ နိုင်ငံတကာနှင့် ဆက်သွယ် သွားမည့် နည်းလမ်းများအား ဆွေးနွေးကြပြီးနောက် မြန်မာသမိုင်းအဖွဲ့၊ ပညာရှင်များနှင့် လုပ်ငန်း ဆောင်ရွက်ချက်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဌာနရှိ ပညာရှင်ဆရာကြီးများ၏ အခန်း၊ Microfilm ထားသိုမှုအခြေအနေ၊ မော်ကွန်းအထောက်အထားများ ထားရှိသည့်အခန်း၊ စာကြည့်တိုက်နှင့် သုတေသနအခန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီးနောက် မြန်မာသမိုင်းအဖွဲ့၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ညနေ (၄:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါ သည်။

Loading

Be the first to comment

Leave a Reply

Your email address will not be published.